Friday, November 2, 2012

MoU-(၃)

ထိုင်းနိုင်ငံအတွင်း နိုင်/စစ် ပဲဖြစ်ဖြစ် ၊ MoU နဲ့သွင်းလာသောအလုပ်သမား ပဲဖြစ်ဖြစ် ထိုင်းနိုင်ငံအတွင်းရှိ
စက်ရုံပိုင်ရှင်၊ အလုပ်ရှင်များများနှင့်ပါတ်သက်သော ဥပဒေ လုပ်ထုံးလုပ်နည်းများကို သိထားရန်လည်း
လိုအပ်ပါသည်။    နိုင်ငံခြာအလုပ်သမားများကို ခိုင်းစေသော အလုပ်ရှင်သည်  နိုင်ငံခြားအလုပ်သမား
ထားရှိခွင့် (ကိုတာ)ရှိရန်လိုအပ်မည်ဖြစ်သည်၊ ထိုပြင် အလုပ်သမားခိုင်းစေမှု့တွင် (က)ပုံသေခိုင်းစေမှု့
(ခ) ရွေ့ပြောင်းခိုင်းစေမှု့  ဟူသော( ကိုတာ)တွင်ပါဝင်ရမည့်အချက်သည်လည်း အဓိကဖြစ်သည်။
စက်ရုံတခုတည်းတွင် လုပ်ကိုင်နေကြသော အလုပ်သမားများအနေဖြင့် အမှတ်(က)ပုံသေခိုင်းစေမှု့ကိုတာ
ဖြင့်လုံလောက်သော်လည်း၊ နေရာ-နယ်မြေပြောင်းရွေ့လုပ်ကိုင်နေကြရသော ဆောက်လုပ်ရေးလုပ်ငန်း
များအနေနှင့်မူ အမှတ်(က) အမှတ်(ခ) နှစ်ခုစလုံးပါသော ကိုတာ ရှိရန်လိုအပ်ပါသည်။
   ထိုကြောင့် နိုင်/စစ် အလုပ်သမားဖြစ်စေ၊ MoU အလုပ်သမားဖြစ်စေ   ထိုင်းနိုင်ငံအတွင်းရောက်ရှိနေ
လျှင်  (၁)  သက်တမ်းဗီဇာပြည့်စုံသော ပတ်စပို့စာအုပ်ရှိရန်ရမည် (၂) အလုပ်လုပ်ခွင့်(workpermit)
ရှိရမည်၊ (၄င်းအလုပ်လုပ်ခွင့်လက်မှတ်တွင်  မိမိ အလုပ်လုပ်နေသော အလုပ်ရုံပိုင်ရှင်၊ စက်ရုံပိုင်ရှင်သည်
အလုပ်ရှင်အမည်နေရာတွင်ပါရှိစေရမည်။
   ပတ်စပို့စာအုပ်သည် ဗီဇာရှိနေပြီးဖြစ်သည့်အတွက် ထိုင်းနိုင်ငံအတွင်းရောက်ရှိနေခြင်းသည် တရားဝင်
ဖြစ်နေပြီးဖြစ်သည်။ အလုပ်ချိန်အတွင်းဝင်ရောက်စစ်ဆေးခြင်းမဟုတ်ခဲ့လျှင်  ဗီဇာပြည့်စုံနေသောစာအုပ်
နှင့်ပင်လုံလောက်ကြောင်းကိုလည်းနားလည်ရန်လိုပါသည်။
   အလုပ်ချိန်အတွင်းဝင်ရောက်စစ်ဆေးလျှင်   ပတ်စပို့နှင့်အတူ အလုပ်လုပ်ခွင့် ကိုပါ ပူးတွဲပြသရန်လို
သည်။ ထိုမှတဆင့် အလုပ်လုပ်ခွင့်(work permit) တွင် အလုပ်ရှင်၏ အမည်ကိုပါစစ်ဆေးလေ့ရှိကြပါ
သည်၊ စာရေးသူအနေဖြင့် မြန်မာနိုင်ငံသားပတ်စပို့ဖြင့် ထိုင်းနိုင်ငံအတွင်း (၁၄)နှစ်ကျော်နေလာခဲ့ပြီး
မြန်မာနိုင်ငံသားအလုပ်သမားများ၏ သာရေးနာရေးအသင်း၊ မြန်မာနိုင်ငံသားအလုပ်သမားများ၏သား
သမီးများ၏ ဘ၀အရည်အသွေးမြှင့်တင်ရေးဌာန၊ အခမဲ့မူလတ်ပညာသင်ခမ်း စသည်များကိုဆောင်ရွက်
ခဲ့ရင်းမှ   ယခင် တရားမ၀င်အလုပ်သမားဘ၀ကာလ၊ ယခု တရားဝင်အလုပ်သမားအဖြစ်ဆောင်ရွက်နေချိန်ကာလများတွင်  အလုပ်သမားများ၏ဘဝ
 ကိုများစွာသိရှိခွင့်ရခဲ့ပါသည်။
မည်သို့ပင်ဆိုစေ အလုပ်သမားများဘ၀ အားသာချက်၊အားနည်းချက်များကို ချိန်ညှိပေးနိုင်ရန်ကိုသာ
မျှော်လင့်နေမိသည်။ 


No comments:

Post a Comment