MoU အလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်းရောက်လာကြသောအခါတွင် အခက်အခဲ တခုမဟုတ်တခု
ကြုံတွေ့နေကြရသည်ကို တွေ့နေရသည်။
နယ်စပ်များတွင် စာချုပ်ချုပ်၍ အလုပ်သမားများကိုခေါ်လာရာတွင် ပွင့်လင်းမြင်သာသော ရှင်းလင်းမှု့များ
ကို မပြုလုပ်ခဲ့ကြသောကြောင့် အခက်အခဲတွေ့ကြရသည်။ ဥပမာ- ရေလုပ်ငန်းစက်ရုံတွင်အလုပ်လုပ်ရန်
အတွက်ငှားရမ်းသည်ဟုဆိုရာတွင် ပုဇွန်အခွံခွာရုံ- ငါးသေတ္တာရုံ- ကင်းပုံစက်ရုံများရှိနေရာတွင် မူလ
ကတည်းကပင် အတိအကျအလုပ်ရုံကို မဖေါ်ပြသောကြောင့် အအေးခမ်းတွင်ကြာရှည်မနေနိုင်ကြသူများ
ပုဇွန်ရုံသောရောက်၍ အလုပ်လုပ်ရသောအခါတွင် မလုပ်နိုင်ကြသောအခက်အခဲတွေ့ရသည်။
ထိုပြင်MoU အလုပ်သမားများအား သွားရောက်ခေါ်ယူလာသော အေ၈ျင့်များအနေဖြင့် ထိုင်းနိုင်ငံအတွင်း
MoU အလုပ်သမားများရာက်လာသောအခါတွင် မူလကမှာယူထားသော အလုပ်ရုံ၊ စက်ရုံများနှင့်
အကြောင်းအမျိုးမျိုးကြောင့်အလုပ်သမားပေးသွင်းမှု့ ပျက်ပြယ်သွားသောအခါတွင် အခြားသော စက်ရုံ
အလုပ်ရုံများသို့ ပို့ပေးခဲ့ခြင်းကြောင့် မလိုလားအပ်သော ပြသနာများကို အလုပ်သမားများခံစားရပြန်ပါသည်
(အေ၈ျင့်နှင့် အလုပ်ရုံ၊ စက်ရုံများ ပျက်ပြယ်မှု့မှာ- ဈေးနှုံး၊အချိန်၊ အလုပ်နေရာများ ညှိနှိုင်းမရခြင်း)
(မူလ MoU အလုပ်သမားခေါ်ယူမည့် အေ၈ျင့်အနေနှင့်လည်း အလုပ်သမားရယူလိုသော အလုပ်ရုံ
စက်ရုံများနှင့် တိကျသော ချုပ်ဆိုမှု့များရှိ၇န်လိုပါသည်။)
မြန်မာနိုင်ငံ၏ ရွေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းဆိုင်ရာ မူဝါဒ(Migration Policy) အမှတ်စဉ်(ခ)တွင်
ရွေ့ပြောင်းအလုပ်သမားများ၏အခြေခံအခွင့်အရေးများရရှိစေခြင်း Ensuring basic rights for migrants.
ကိုလည်း မြန်မာအလုပ်သမားများထိုင်းနိုင်ငံအတွင်းရောက်လာကြသောအခါတွင်တချို့သောအလုပ်ရှင်(သို့)
အေ၈ျင့်(သို့)ပွဲစားများကြောင့် ပဋိဍာဉ် အတိုင်းမဆောင်ရွက်ကြသောကြောင့် အခြေခံအခွင့်အရေးများ
ဆုံးရှုံးခဲ့ကြရသည်။
အလုပ်သမားတွေရဲ့စာရွက်စာတမ်းတွေကို အလုပ်ရှင်များကသိမ်းထားခြင်းသည်လည်း အလုပ်သမားများကို
အခက်အခဲဖြစ်စေပါသည်။ လမ်းခရီးသွားစဉ် စစ်ဆေးသူများနှင့်တွေ့သောအခါတွင် ပတ်စပိုအစစ်မပြနိုင်
သောကြောင့် အဖမ်းခံရခြင်း၊ငွေကုန်ခံရခြင်းများကြုံရပြန်ပါသည်၊ ထိုပြင် ရက်ပေါင်း(၉၀)သတင်းပို့ရန်
ပျက်ကွက်လျှင်(တလ)ကျော်လျှင် ၂၀၀၀ဘတ်ပေးဆောင်ရပြီး၊ ဗီဇာဆက်ရန်ပျက်ကွက်လျှင် တရက်လျှင်
ရက်လွန်ကြေး ၅၀၀ ဘတ်ပေးဆောင်ရပါသည်။ ပတ်စပို့စာအုပ်သိမ်းထားသော အလုပ်ရှင်သည်
စာအုပ်၏ ကာယကံရှင် မဟုတ်သည့်အတွက် ထိုအချက်များကိုအလေးမထားပါ။ အကယ်၍ ကုန်ကျ
ပေးဆောင်ရန်ရှိလာပါလျှင်လည်း အလုပ်ရှင်မှတာဝန်မယူသည့်အတွက် အလုပ်သမားသာလျှင် ပတ်စပို့
စာအုပ် ဆက်လက်ကိုဆောင်နိုင်ရန် အကုန်အကျခံကြရပါသည်။
နောက်ပိုင်းတွင် MoU အလုပ်သမားများတင်သွင်းမှု့များပိုမိုခေတ်စားလာတော့မည်ဖြစ်ရာ နယ်စပ်ရှိ
မြန်မာMoUရုံးများနှင့် ထိုင်းနိုင်ငံရှိ အေ၈ျင့်များအကြားတွင်၎င်း၊ အလုပ်သမားမှာယူသောအလုပ်ရုံ၊စက်ရုံ
နှင့် အေ၈ျင့်များအကြား ဆက်သွယ်ဆောင်ရွက်မှု့များကို စောင့်ကြည့်နိုင်ရန် ယာယီအဖွဲ့တဖွဲ့လည်း
အစဦးပိုင်းတွင်ထားရှိ၇န်လိုမည်ဖြစ်ပြီး ထိုအဖွဲ့တွင် မြန်မာ၊ထိုင်းများပါဝင်၍ကြားနေအဖြစ်ဆောင်ရွက်
နိုင်သောအဖွဲ့လည်းဖြစ်ရန်လိုပါမည်၊ ဥပမာ- မြန်မာနိုင်ငံမှထုတ်ပေးထားသောယာယီနိုင်ငံကူးလက်မှတ်
နောက်ဖုံးတွင်ပါသော သတိပြုရန်အချက် အမှတ်(၃)တွင် ထိုင်းနိုင်ငံအတွင်းမှတ်ပုံတင်ပြီးအလုပ်လုပ်
ကိုင်နေသောပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားများအတွက်သာ ထုတ်ပေးခြင်းဖြစ်သည်။ ဟူသော
အချက်ပါရှိနေပါလျှက် စာအုပ်ကို အလုပ်ရှင်မသိမ်းရအောင် ပြောဆိုဘို့လိုပါသည်၊ ဤအချက်ကို မသိ၍
လော၊သိလျှက်နှင့်မပြောဝံ၍လော - ထိုကြောင့်အသိပညာပေးရန်လည်းလိုပါသည်၊
မြန်မာအလုပ်သမားဝန်ကြီးဌာနမှလည်း နိုင်ငံခြားရောက်မြန်မာအလုပ်သမားများသိရှိနားလည်နိုင်ရန်
သတင်းထုတ်ပြန်မှု့ ၊ အသိပညာပေးမှု့စာစောင်များ၊ ရေဒီယို၊တီဗွီ၊ စီဒီများဖြင့် ဗဟုသုတပေးခြင်များ
ပြုလုပ်ပေးနိုင်ပါလျှင် မြန်မာအလုပ်သမားများတွေ့ကြုံနေရသော အခက်အခဲများကို အများဆုံးဖြေရှင်း
ပေးနိုင်မည်ဖြစ်သည်။(၂၄-၇-၂၀၁၂ နေ့ မြန်မာနိုင်ငံမှ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်
ထိုင်းနိုင်ငံရှိမြန်မာသံရုံးဆွေးနွေးပွဲတွင်တင်ပြခဲ့ပါသည်။)

No comments:
Post a Comment