အချိုသောအလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်းသို့ရောက်၇န်ကိုသာဦးတည်လာကြပြီး နယ်စပ်မှ
MoU လုပ်သားအဖြစ်စတင်ဝင်ရောက်ခဲ့စဉ်က အလုပ်ရှင်-အလုပ်သမား၊ အေ၈ျင့်များနှင့်အလုပ်သမား
စသော ကတိပဋိဥာဉ် စာချုပ်စာတမ်းများအပေါ် အလေးထားမှု့နည်းပါကြသည်များလည်းရှိကြသည်၊
ထိုအချက်အပေါ်တွင် အလုပ်ရှင်၊စက်ရုံပိုင်ရှင်များက ဦးစွာနယ်စပ်မှမခေါ်လာမှီကပင် ရှင်းလင်းပြောဆိုပြီး
မှသာ စာချုပ်ချုပ်ဆိုခေါ်ယူရန်လိုပါသည်၊ ယခုလက်ရှိမြင်သိနေရသော နိုင်ငံခြားအလုပ်သမားများလုပ်
ကိုင်နေကြရသော 3D Workers (1) Dirty (2) Dangerous (3) Difficult စသည့်
ညစ်ညမ်းသောအလုပ်၊အန္တရာယ်ရှိသောအလုပ်၊ ခက်ခဲသောအလုပ်များကိုသာ လုပ်ကိုင်နေကြသည်ကို
မြင်တွေ့နေရသည်၊ ဈေးဆိုင်များတွင်ပင်လျှင် အလုပ်လုပ်ကိုင်ခွင့်မရှိပေ။
ထိုင်းနိုင်ငံအတွင်း ထိုကဲ့သို့ရောက်ရှိလာသော MoU အလုပ်သမားသည် အလုပ်လုပ်ခွင့်(workpermit)
ရပြီးချိန်၊ တချို့ဆိုလျှင် အလုပ်လုပ်ခွင့်(workpermit) မရခင် မှာပင် အလုပ်မှ ထွက်လာကြတော့သည်။
ပတ်စပို့စာအုပ်ကို အလုပ်ရုံမှသိမ်းထားသောကြောင့် ပတ်စပို့စာအုပ်ပါမလာကြပေ၊ ထိုအခါ ပတ်စပို့ပြန်
လုပ်ရန်ပြောလာကြသည်။ နယ်စပ်မှ MoU အလုပ်သမားအဖြစ်ဝင်ရောက်လာသူများအနေဖြင့် (၁၃)၈ဏန်း
(ထော်ရော် ၃၈/၁) ရှိသူများမဟုတ်သောကြောင့် ပတ်စပို့ပြန်လုပ်ရန် အခွင့်အရေးမရှိပေ။
ထိုကဲ့သို့သော MoU အလုပ်သမားများအနေဖြင့် ရွေးချယ်စရာ(၂)လမ်းသာရှိတော့သည်
(၁) ထိုင်းနိုင်ငံအတွင်း တရားမ၀င်အလုပ်သမားအဖြစ် နေထိုင်သွားရမည်၊
(၂) တရားဝင်အဖြစ် (ထော်ရော် ၃၈/၁) (၁၃)လုံး၈ဏန်းရရန် ငွေမြောက်များစွာ အကုန်အကျခံ
ရခြင်းများကိုမုချကြုံတွေ့ရတော့သည်။
MoU အလုပ်သမားများနှင့်ပါတ်သက်လျှင် မြန်မာနိုင်ငံမှ အေ၈ျင့်များသည် မိမိ တို့မြန်မာနိုင်ငံသားများကို
နိုင်ငံခြားသို့ အလုပ်သမားအဖြစ်သွင်းရခြင်းကိုထောက်ထားသောအားဖြင့် စ-လည်-ဆုံး ကိုယ်ခြင်းစာတရား
ထားကာဆောင်ရွက်ပေးသင့်ပါသည်၊ မိမိတို့ MoU အလုပ်သမား ထိုင်းအေ၈ျင့်များလက်သို့ရောက်ပြီးလျှင်
မိမိတို့အေ၈ျင်းတာဝန်ပြီးဆုံးပြီဟု ငွေမျက်နှာကိုကြည့်သောလုပ်ငန်းမျိုးကိုရှောင်ရှားစေလိုပါသည် ။
MoU အလုပ်သမား(၁၄၂)ဦး ထိုင်းအေ၈ျင်ထံတွင် လုပ်ခရှင်းလင်းမှု့ ပွင်လင်းမြင်သာမှု့မရှိခြင်းကိုဖြေရှင်းပေးခဲ့စဉ်။ Vanbandit စက်ရုံ-စူရပ်ဌာနီခရိုင်-ထိုင်းနိုင်ငံတောင်ပိုင်း

No comments:
Post a Comment