Tuesday, November 6, 2012

မြန်မာအလုပ်သမားများသို့-

(၂၂-၁၀-၂၀၁၂) နေ့အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် က မြန်မာအလုပ်သမားများရှိသော နိုင်ငံတိုင်းတွင် အလုပ်သမားအရာရှိ (Labour Attache)
များထားရှိရန်ပြောကြားခဲ့သည်။
(၃၁-၁၀-၂၀၁၂)နေ့တွင် မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးမြင့်သိန်း က ၂၀၁၃၊ခုနှစ်တွင်
မလေးရှား၊စင်္ကာပူ နိုင်ငံများတွင် အလုပ်သမားသံအရာရှိများထားရှိသွားရန်ပြောကြားခဲ့သည်။
နိုင်ငံခြားရောက်မြန်မာအလုပ်သမားများအနေနှင့် မိမိတို့၏ နစ်နာသော၊ဆုံးရှုံးသော၊ မရနိုင်သော
အခွင့်အရေးများကို ရရှိလာအောင်တောင်းဆိုနိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၏ထပ်မံဖြည့်ဆည်း
ပေးသောအင်အားတရပ်ဖြစ်ကြောင်း ကို ထိုင်းနိုင်ငံအတွင်းအလုပ်သမားအခွင့်အရေးနစ်နာမှု့များကို
ထိရောက်စွာကူညီပေးသော မြန်မာသံရုံးအရာရှိများ၊ အလုပ်သမားသံအရာရှိများ၏ဆောင်ရွက်မှု့များကို
စဉ်ဆက်မပြတ် သတင်းမှန်ဖေါ်ါ်ပြမှု့များတွင်တွေ့နိုင်ပါသည်။
 ထိုကြောင့် မြန်မာအလုပ်သမားများအနေဖြင့် တပါးနိုင်ငံတွင် နေထိုင်သွားလာအလုပ်လုပ်ကိုင်နေစဉ်
စိတ်ချမ်းသာစွာဝမ်းရေးအတွက်ရှာဖွေစားသောက်နေနိုင်လာပြီဖြစ်ကြောင်းသိထားရန်လိုပါသည်။
မြန်မာအလုပ်သမားများအနေနှင့်လည်း ရောက်ရှိနေသောနိုင်ငံ၏ဥပဒေကို လေးစားလိုက်နာလျှက်
မိမိတို့၏အလုပ်သမားအခွင့်အရေးကိုလည်းရဲရင့်စွာတောင်းဆိုတတ်ရန်လိုပါသည်။နားမလည်နိုင်သေး
လျှင်လည်း နားလည်အောင်ကျိုးစားပြီး မိမိအခွင်အရေးကို မိမိကိုယ်တိုင်ဆောင်၇ွက်နိုင်အောင်လေ့လာ
ထားဘို့လိုပါသည်။
ယာယီနိုင်ငံကူးလက်မှတ်၊အလုပ်လုပ်ခွင့် စသောစာရွက်စာတမ်းများပြည့်စုံနေသောမြန်မာအလုပ်
သမားတဦးကို ပုလိပ်ဖမ်းသည်ဟုဆိုကာ ကီလို(၃၀၀)ကျော်ဝေးသော စာရေးသူထံဆက်သွယ်လာပါသည်။
အကြောင်းစုံကိုမေးမြန်းပြီး မြန်မာအလုပ်သမားဘက်မှချို့ယွင်းချက် မရှိသဖြင့် မိမိကိုယ်တိုင်ရှင်းပြဘို့
ရန် ညွှန်ပြပေးလိုက်သည်။ နောက်(၁၅)မီးနစ်ခန့်ကြာသောအခါတွင်  ပုလိပ်မှ ဘတ်(၁၀၀၀)ပေးလျှင်
လွတ်ပေးမည်ဖြစ်ကြောင်းထပ်မံဖုန်းဆက်လာပါသည်။  မိမိလည်း အထက်ပါအတိုင်းဆက်လက်ပြောပြ
ခိုင်းပြီးပိုက်ဆံမပေးရန်ပြောခဲ့ပါသည်။  နာရီဝက်အကြာတွင် ပိုက်ဆံမပေးရဘဲလွှတ်လိုက်ကြောင်းသိရ
ပါသည်။ ထိုကြောင့်မှန်ကန်သည့် မိမိအခွင့်အရေးကို မိမိ ဖာသာရယူတတ်အောင်ကျိုးစားကြပါဟုပြော
ဆိုအကြံပေးလိုပါသည်။
ထိုပြင် မြန်မာအလုပ်သမားများရှိနေသောနိုင်ငံအတွင်းမှ သတင်းအချက်အလက်မှန်များအစဉ်တစိုက်
ရရှိနေဘို့လည်းလိုပါသည်။ အထူးသဖြင့် ထိုနိုင်ငံတွင်ရောက်ရှိနေသော အလုပ်သမားသံအရာရှိများ
အတွက်ဆိုလျှင်ပို၍ပင်အရေးကြီးပါသည်။ ထိုင်းနိုင်ငံဆိုလျှင် မြန်မာနိုင်ငံနှင့်နယ်မြေရှည်လျှားစွာဆက်
စပ်နေသည့်အတွက် တရားဝင်/တရားမ၀င် အလုပ်သမားများ အစဉ်မပြတ်ဝင်ထွက်နေကြသည်။ထိုအခါ
အခက်အခဲပြသနာများကို များစွာတွေ့နေကြရသည်။  ထိုအခက်အခဲများစွာထဲတွင် အမှန်တကယ်
အလုပ်သမားအခွင့်အရေးကို ချိုးဖောက်ခံရ၍ ပါဝင်ကူညီဆောင်ရွက်ပေးရပါလျှင် မှန်ကန်သော်လည်း
လွဲမှားသောသတင်းပေးတိုင်ကြားမှု့ကြောင့် လည်းကူညီပေးရမည့်အဖွဲ့ကိုအထင်လွဲနိုင်သည်ကိုလည်း
တွေ့ရသည်။  ဥပမာ တခုပြောရလျှင် -
နယ်စပ်မှ လူမှောင်ခိုများနှင့်တရားမ၀င်ထိုင်းနိုင်ငံအတွင်းဝင်ရောက်လာခဲ့ကြပြီး ၊အလုပ်သမားဘတ်လည်း
မရှိ၊ အလုပ်ရှင် ကလည်းမတရားခိုင်းစေ၊နောက်ဆုံးတွင် လုပ်ခငွေမရကြသောအခါတွင် မြန်မာသံရုံး
အလုပ်သမားအရာရှိထံတိုင်ကြားလာပါသည်။ စာရေးသူလည်း ပူးပေါင်းကူညီပေးခဲ့ရင်းအဖြစ်မှန်ကို
သိခဲ့ရပါသည်။ထိုကြောင့် ထိုသူ၏အမည်၊ဖုန်းနံပါတ်ကိုမှတ်ယူထားခဲ့ပါသည်၊ မကြာမှီ ၄င်းဖြစ်ရပ်မျိုး
ထပ်မံတိုင်ကြားလာပြန်ပါသည်။ စစ်ဆေးကြည့်သောအခါ ယခင်ဖြစ်ရပ်မှလူထံက ဖုန်းနံပါတ်ရသဖြင့်
တိုင်ကြားရခြင်းဖြစ်ကြောင်းသိရသည်။ ထိုင်းနိုင်ငံအတွင်းတွင် အလုပ်သမားများ၏အခက်အခဲများကို
ဖြေရှင်းပေးမည်သူရှိသည်ဆိုသောအတွေးဖြင့်တရားမ၀င် ၀င်ရောက်လာကြသူများအနေဖြင့် အသိစိတ်
ဖြင့်ရှောင်ကြဉ်ကြဘို့လိုပါသည်။
တရက်တွင် မြန်မာအလုပ်သမတဦးက မိမိ၏သမီး အသက်(၁၄)နှစ်အရွယ်ကို ထိုင်းအမျိုးသမီးကြီးတဦး
ခေါ်ယူသွားပြီး ရောင်းစားကြောင်းတိုင်လာပါသည်။ စာရေးသူက မကူညီလျှင် မြန်မာသံရုံးကိုတိုင်ကြားမည်
ဖြစ်ကြောင်းလည်းပြောလာပါသည်။ အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ဝင်များဖြင့် စုံစမ်းကြည့်ရာ
ထိုအလုပ်သမသည် နောက်အိမ်ထောင်နှင့်နေသည်၊လောင်းကစားဝါသနာကြီးသဖြင့် နေအိမ်တွင်အနေ
နည်းပြီး၊နေအိမ်တွင် ပထွေးဖြစ်သူနှင့် သမီးငယ်သာရှိနေသည်။ ခေါ်ယူသွားသည်ဆိုသောထိုင်းအမျိုးသမီး
နှင့်တွေ့ခဲ့သည်၊ ပထွေးလုပ်သူ၏မတရားကြံစည်နေမှု့မှ လွတ်ကင်းရန်အတွက် အလုပ်ရှာပေးခိုင်းသဖြင့်
ဆံပင်ပြင်ဆိုင်တွင် ထိုကလေးမကိုတွေ့ခဲ့ရပြီး အဖြစ်မှန်ကိုပြောပြ၍သိခဲ့ရသည်။ ထိုဖြစ်ရပ်များကိုကြည့်
လျှင် သတင်းမှန်ရရှိရန်အရေးကြီးကြောင်းတွေ့နိုင်ပါသည်။


No comments:

Post a Comment