ထိုင်းနိုင်ငံတွင် ရောက်ရှိနေကြသော မြန်မာအလုပ်သမားများအနေဖြင့် ဥပဒေအတိုင်း လိုက်နာနေထိုင်
နေသူများ၊ လိုက်နာရန် အသိပညာပေးဆောင်ရွက်မှု့များ၊ ဥပဒေအတိုင်း လိုက်နာရန်ကျိုးစားနေကြသူများ
ကို လေ့လာကြည့်မည်ဆိုလျှင် မြင်နိုင်မည်ဖြစ်သည်။ သိုသော် ဥပဒေကို ဥပဒေအတိုင်းဆောင်ရွက်ကြ
သည့်တာဝန်ရှိသူများဘက်တွင် ချို့ယွင်းလာသည့်အခါတွင် အလုပ်သမားများအတွက် များစွာသောနစ်နာ
ဆုံးရှုံးမှု့နှင့်ကြုံရပါသည်၊
ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသောမြန်မာအလုပ်သမားသည်လည်း တရားဝင်အလုပ်သမား
ဖြစ်သည့်အတွက် ထိုင်းနိုင်ငံအတွင်းရှိ အလုပ်သမားများနည်းတူ အလုပ်သမားဥပဒေအတိုင်းခံစားရမည်
ဖြစ်သည်။ သို့သော် ယနေ့အထိ အလုပ်သမားခံစားခွင့် ပြည်ဝစွာမရနိုင်၊ ဥပမာအနေနှင့် အချို့ကို
တင်ပြရလျှင်-
(၁) ယာဉ်မောင်းလိုင်စင်ကို အချို့မြို့နယ်များတွင် လုပ်ခွင့်မရခြင်း။
(၂) အလုပ်သမားများအပေါ် မရှိသည့်ဥပဒေနှင့် ခြိမ်းခြောက်ခြင်းများ ကိုကြည့်လျှင်သိနိုင်သည်။
(၁) ယာဉ်မောင်းလိုင်စင်ကို အချို့မြို့နယ်များတွင် ပြုလုပ်ခွင့်မရခြင်း။
မြန်မာအလုပ်သမားများ၏မြန်မာနိုင်ငံတွင် လက်ယာကပ်မောင်းဖြစ်ပြီး၊ ထိုင်းနိုင်ငံတွင်လက်ဝဲ
ကပ်မောင်းဖြစ်ခြင်းကြောင့် ယာဉ်တိုင်မှု့များဖြစ်နိုင်သည်ဟူသောအကြောင်းပြချက်ဖြင့်၎င်း၊ ယာဉ်မောင်း
လိုင်စဉ်ရလျှင် အငှားမောင်းနိုင်ပြီး၊အငှားယာဉ်မောင်းသူများ ငြိုငြင်လာနိုင်သည်ဟူသော
အကြောင်းပြချက်များဖြင့် မြန်မာအလုပ်သမားအများစု ယာဉ်မောင်းလိုင်းစင်လုပ်ခွင့်မရကြချေ။အမှန်
ဥပဒေအတိုင်းဆိုပါလျှင် တရားဝင်နေထိုင်အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများအနေနှင့်ယာဉ်
မောင်းလိုင်စဉ်စစ်ဆေးသောဌာနမှ လိုအပ်သောစာရွက်စာတမ်းများကိုတင်ပြနိုင်ပြီး၊ စစ်ဆေးမှု့များပြုလုပ်
အောင်မြင်လျှင် ယာဉ်မောင်းလိုင်စင်ထုတ်ပေးရမည်သာဖြစ်သည်၊လက်ယာလက်ဝဲမောင်းနှင့်မသက်ဆိုင်
ပေ၊ ဥပဒေအရထိမ်းချုပ်လျှင်လည်း အငှားမောင်းနိုင်သည်ဆိုသော စိုးရိမ်မှု့လည်းရှိစရာမလိုတော့ပေ။
(၂၂-၁၁-၂၀၁၂)(၂၃-၁၁-၂၀၁၂)နေ့နိုင်ငံခြားအလုပ်သမားများအရေးနှင့်လူ့အခွင့်အရေးဆွေးနွေးပွဲတွင်
လည်းအနာ၈တ်အာစီယံဝင်နိုင်ငံများအနေဖြင့်လိုက်လျေညီထွေစွာ ပူးပေါင်းနေထိုင်သွားကြရန်ကိုဆွေး
နွေးမှု့ပြုခဲ့ကြသည်ကိုသတိမူရန်လိုပါသည်။)