Tuesday, September 18, 2012

future: knowledge: ဥပဒေရေးရာ(၁)

future: knowledge: ဥပဒေရေးရာ(၁):
   ထိုင်းနိုင်ငံ အလုပ်သမားကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေ B.E 2541 အရ အလုပ်ရှင်၊အလုပ်သမား
အခွင့်အရေးနှင့်တာဝန်များ ကိုဖေါ်ပြထားခြင်းကိုတွေ့နိုင်သည်။ထို အက်ဥပဒေကိုလိုက်နာလာစေရန်ကိုလည်း
အဖက်ဖက်မှကျိုးပမ်းကြမှသာလျှင် မြန်မာအလုပ်သမားများအနေဖြင့် ရပိုင်ခွင့်များကို ပြည့်ဝစွာခံစားရနိုင်မည်
ဖြစ်သည်။
   နိုင်ငံခြားသားများအလုပ်လုပ်ကိုင်ခွင့် ဥပဒေ (Alien work Permit Act B.E 2521) အရ အလုပ်ရှင်နှင့်
တရားမ၀င်အလုပ်သမား(မြန်မာ၊လားအို၊ကမ်ဘောဒီးယား)များ ချိုးဖောက်ခဲ့သော် ချမှတ်ခံရမည်ပြစ်ဒဏ်များ
လည်းပြဌာန်းထားပြီးဖြစ်သည်။ ယခုကဲ့သို့ဖေါ်ပြရခြင်းမှာ မြန်မာအလုပ်သမားများအားကြောက်စိတ်ဝင်သွား
စေရန်မဟုတ်ပါ။ ပြဌာန်းပြီးဥပဒေကို မလိုက်နာ၍သော်၎င်း၊ မသိနားမလည်၍ ကျူးလွန်မိလျှင်သော်၎င်း၊
ဥပဒေက ကင်းလွတ်ခွင့်ပြုမည်မဟုတ်ပါ၊ ထိုအခါတွင် ပြဌာန်းပြီးဥပဒေကို သိနားလည်ရန်လိုအပ်မည်ဖြစ်ပါ
သည်။  ဥပမာ-
ပြစ်မှု့ဆိုင်ရာ ဥပဒေပုဒ်မ(၇)တွင် တရားမ၀င် ၀င်ရောက်လာသောသူများ အလုပ်သမားမှတ်ပုံတင်မရှိဘဲ
အလုပ်လုပ်ခြင်း။ 
        ပြစ်ဒဏ်ချမှတ်ခြင်း-ပုဒ်မ ၃၄ အရ ထိုအလုပ်သမားအား အနည်းဆုံးထောင်ဒဏ်(၃)လ (သို့)ဒဏ်ငွေ
(၅၀၀၀)(သို့) ထောင်ဒဏ်နှင့်ငွေဒဏ်နှစ်ခုစလုံးကျခံရမည်။
ပြစ်မှု့ဆိုင်ရာ ဥပဒေပုဒ်မ(၂၂)တွင်  အလုပ်သမားလက်မှတ်မရှိသောသူများအား အလုပ်စေခိုင်းခြင်း (သို့)
ပုံစံတွင် သတ်မှတ်ဖြည့်စွက်ထားသော အလုပ်အတိုင်းမလုပ်ခြင်း။
        ပြစ်ဒဏ်ချမှတ်ခြင်း-ပုဒ်မ(၃၉) အရ ထိုအလုပ်ရှင် သည် အများဆုံးထောင်ဒဏ်(၃)နှစ်(သို့)ဒဏ်ငွေ
(၆၀၀၀၀) (သို့)ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ခုစလုံးကျခံရမည်။
   အထက်ပါ ဥပဒေ (၂)ချက်ကို ကြည့်လျှင် အလုပ်ရှင် နှင့် အလုပ်သမား တို့အပေါ်အရေးယူမှု့ကို သုံးသပ်
ပါလျှင်  ကျူးလွန်မှု့ တခုတည်းအပေါ်မှ အခြေခံလာခြင်းဖြစ်သည်၊   ထိုအခါတွင် အလုပ်ရှင်ဖြစ်သောသူက
ပြစ်ဒဏ်ကျခံမှု့နည်းသော အလုပ်သမားသာ ခံရစေတော့သည်။ မြန်မာအလုပ်သမားအနေနှင့် ဘာသာစကားမကျွမ်းကျင်ခြင်း၊နိုင်ငံသားမဟုတ်ခြင်းကြောင့် ငွေကုန်၊ထောင်ကျခြင်းများကိုခံကြရသည်။
 ထိုကြောင့်စာအုပ်တွင်ရှိသောဥပဒေကို လက်တွေ့အကောင်အထည်ဖေါ်ကြရန်သာရှိပါကြောင်း-

No comments:

Post a Comment