Friday, September 28, 2012

လူ လူချင်းပေမို့-(၁)

ထိုင်းနိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံအစိုးရတို. နှစ်နိုင်ငံအစိုးရတို့ ၂၀၀၃-ခုနှစ် ဇွန်လ(၂၁)ရက်နေ့က နိုင်ငံခြားအလုပ်သမား များဘ၀မြှင့်တင်ရေးကိုအခြေခံ၍ စာချုပ်ရေးသားချုပ်ဆိုပြီးဆောင်ရွက်လာခဲ့ကြသည်။ ထိုကဲ့သို့ဆောင်ရွက်လာခဲ့ကြသည်မှာ(၁၀)နှစ် နီးပါးကြာမြင့်ခဲ့ကြသော်လည်း သင့်တော်သည့်တိုးတက်မှု့အခြေအနေကိုမရရှိနိုင်သေးသည်ကိုတွေ့နိုင်ပါသည်။ ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံ သည်နယ်စပ်တွင်မိုင်ပေါင်းများစွာဆက်စပ်နေခြင်းမှာအကြောင်းအရာတခုဖြစ်သော်လည်း ပြဌာန်းဥပဒေအပေါ်တွင်လိုက်နာမှု့နည်းပါး ခြင်းမှာ အဓိကအကြောင်းအရာဖြစ်နေကြာင်းကိုတွေ့ရသည်။ ယခင်ကတင်ပြခဲ့သည့်အတိုင်း နိုင်ငံခြးအလုပ်သမားကိုအသုံးပြုကြသော်လည်း နိုင်ငံခြားအလုပ်သမားထားရှိခွင့် မရှိသည် အတွက် ၀င်ရောက်စစ်ဆေးမှု့ပြုသည့်အခါတွင် ဥပဒေအရအလုပ်ရှင်မှ ပျက်ကွက်ခြင်းမှန်သော်လည်း အလုပ်သမားသာလျှင်ဖမ်းဆီး ခံရခြင်း၊ငွေကုန်ကျခြင်း၊ထောင်ကျခြင်များ ခံကြရသည်။ အမှန် ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားရေးရာဥပဒေ လုပ်ထုံးလုပ်နည်းများတွင်- အလုပ်သမားရုံး ပြန်တမ်းဝင်အရာရှိ အမိန့်ဖြင့် အလုပ်ရုံတခုကို ၀င်ရောက်စစ်ဆေးရန် သက်ဆိုင်ရာနယ်မြေ ရဲ၏အကူအညီ ရယူကာ ၀င်ရောက်စစ်ဆေးကြ၇သည်။ သက်ဆိုင်ရာနယ်မြေ၇ဲကလည်း အထက်ပါအကြောင်းကြားချက်ရမှသာလျှင် အကူအညီ ပေးရခြင်းဖြစ်သည်။( ရာဇ၀တ်မှု့ ချိုးဖေါက်သူကို ၀င်ရောက်ဖမ်းဆီးခြင်းနှင့်မသက်ဆိုင်ပါ) သို့သော် အထက်ပါအချက်အလက်များမရှိ- မည်သူကမျှ အကြောင်းကြားခြင်း၊အကူအညီတောင်းခြင်းမရှိဘဲ၊ အလုပ်ရုံများ ကို ၀င်ရောက်ဖမ်းဆီးခြင်းများကို မကြာခဏ ဆိုသလိုတွေ့ရသည်။ ထိုအခါတွင် ပတ်စပို့ရှိသူ၊ ၀ပ်ပါမစ်ရှိသူများသာ ဖမ်းဆီးခြင်းခံကြ ရသည်။ အလုပ်သမားကို အလုပ်ခွင်အပြင်တွင်လည်း ဖမ်းဆီးသည့်အခါ ပတ်စပို့ရှိသူ၊ ၀ပ်ပါမစ် ရှိသူများသာ ဖမ်းဆီးခြင်းခံခဲ့ကြ ရသည်။ သို့သော် မည်သည့်အထောက်အထားများမှမရှိသော်လည်းရဲကြေး(ပုလိပ်ကဒ်) တလ(၅၀၀)ဘတ်ပေးထားသူပါလျှင် ထိုသူမှာဖမ်းဆီးခြင်းမခံရပါ။ ထိုအခါတရားဝင်ပတ်စပို ရှိနေသူများက -ငွေကုန်ကြေးကျများစွာဖြင့်ပြုလုပ်ထားသော ပတ်စပို့သည် ပုလိပ်ကဒ်(၅၀၀)တန်ဘတ်လောက်ပင်အသုံးမ၀င်ဟုမြင်လာကြသဖြင့် ပတ်စပို့လုပ်ရန် ဆန္ဒမရှိကြတော့ပေ။ အလုပ်ချိန်ပြင်ပတွင် ပတ်စပို့ရှိနေသော်လည်း ၀ပ်ပါမစ်မရှိသောကြာင့်ဖမ်းဆီးခြင်း ခံရသူများလည်းများစွာတွေ့ရသည်။ အမှန်မှာ- ထိုင်းနိုင်ငံအတွင်းနေထိုင်ခွင့်ရှိသော ပတ်စပိုအလယ်တွင် နေထိုင်ခွင့်(visa) ရှိနေပြီးအလုပ်ချိန်ပြင်ပတွင် အလုပ်လုပ်ခွင့် အထောက်အထားစစ်ဆေးနေခြင်း၊ ဖမ်းဆီးခြင်းများခံကြရသည်။အလုပ်သမား ဥပဒေရှိနေပါလျှက် မြန်မာအလုပ်သမားများ အနေဖြင့် ဥပဒေ၏အကာအကွယ်ကိုရရှိမှု့နည်းပါးနေကြသည်။ အလုပ်ရှင်မှ နိုင်ငံခြားအလုပ်သမားများအသုံးပြုသော်လည်း လုပ်ဆောင်သင့်သည့်ဥပဒေဆောင်ရွက်မှု့များပျက်ကွက်သည့်အခါတွင် အလုပ်သမားဘက်တွင်လည်း ကျီးလန့်စာ စား လုပ်နေ ရဖြင့် အပြည့်အ၀တာဝန်ကျေမှု့ရော့ပါးလာပါတော့သည်။ တခါတွင် အလုပ်သမားကူညီရေးအဖွဲ့မှ ဆက်သွယ်တင်ပြလာသည်မှာ- နှစ်စဉ်ဆေးရုံဘတ်ပြုလုပ်လာသောမြန်မာအလုပ် သမတဦး ဆေးရုံဘတ်ပန်းရောင်မရရှိဘဲ အဖြူရောင်ဆေးရုံဘတ်သာရရှိခဲ့သည်။ကိုယ်ဝန်ကိုဆေးရုံသို့သွားရောက်ပြသသောအခါ ကုန်ကျစရိတ်များ များစွာကုန်ကျခဲ့ပြီး၊ကလေးမွေးဖွားသည့်အခါတွင်လည်းကုန်ကျစရိတ်များစွာရှိမည်ဖြစ်ကြောင်းသိရှိခဲ့ရသည်။ ထိုအခါ ထိုအလုပ်ရုံမှ မန်နေ၈ျာဖြစ်သူအားဖုံးဖြင့် မိမိသည် ထိုင်းနိုင်ငံအတွင်းရောက်ရှိနေသောမြန်မာအလုပ်သမားကူညီစောင့် ရှောက်ရေးကော်မတီအဖွဲ့ဝင်တယောက်ဖြစ်ကြောင်းပြောဆိုပြီး မြန်မာအလုပ်သမ မိန်းကလေး၏ဆေးရုံဘတ်အကြောင်းမေးရာ ဖုန်းကိုပိတ်လိုက်ပါသည်။ နောက်နာရီဝက်ခန့်အကြာ ထပ်မံဆက်ရာ ထိုမြန်မာအလုပ်သမ၏ဆေးရုံဘတ်ကိစ္စအားဆောင်ရွက် ထားပြီဖြစ်ကြောင်းနှင့် (ရ)ရက်ခန့်အကြာတွင်ပြီးမည်ဖြစ်ကြာင်းပြောလာသည်။ ထိုကြောင့် မိမိက မန်နေ၈ျာအားကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိအလုပ်လုပ်ကိုင်နေကြသော မြန်မာများသည်လည်းလူသားများသာ ဖြစ်ကြသည်။ မြန်မာအလုပ်သမားကို အသုံးပြုသူ အလုပ်ရှင် နှင့် အလုပ်ရှင်အကျိုးအတွက် အလုပ်လုပ်ပေးနေသူ အလုပ်သမား နှစ်ဦးနှစ်ဖက်တို့သည် အပြအလှန် အမှီပြုနေကြသော လူသားများဖြစ်နေကြသောကြောင့် မြန်မာအလုပ်သမား(နိုင်ငံခြားအလုပ် သမား) များ၏ ခံစားပိုင်ခွင့်များကိုပြည့်ဝအောင် အလုပ်ရှင်(နိုင်ငံသား) မှဆောင်ရွက်ပေးရမည်သာဖြစ်သည်။ သို့မှသာလျှင် ထိုင်းအလုပ်ရှင်များ စိုးရိမ်ပူပန်နေသော အနာ၈တ်တွင် ထိုင်းအလုပ်ရုံများတွင် အလုပ်သမားရှားပါမှု့ပြသနာ ကိုဖြေရှင်းနိုင်ကောင်း ဖြေရှင်းနိုင်မည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ
ထိုင်းနိုင်ငံတွင် ဒေသခံအစိုးရက အားကောင်းနေပြီး၊ ဗဟိုအစိုးရနဲ့ဆောင်ရွက်ရုံနဲ့တင် မပြီးပြတ်၊
မပြီးမြောက်နိုင်ကြောင်း၊ဒေသခံအောက်ခြေအစိုးရနှင့်ပါ ဆက်ဆံရေးကောင်းမှသာလျှင်ထိရောက်နိုင်
 မည်ဖြစ်ပါသည်။ထိုကြောင့်-လူ လူချင်းပေမို့ လူသားများရပိုင်ခွင့် ပြဌာန်းပြီးဥပဒေ ကို လူသားတိုင်း
 ခံစားနိုင်စေ ရန် အချိန်ယူဖြေရှင်းရမည့် ခေါင်းစဉ်တခုအဖြစ် ရပ်တည်နေဦးမည်သာ

No comments:

Post a Comment