Friday, September 28, 2012

စာသင်ခမ်း-

   စူရပ်ဌာနီခရိုင်၊ ဖိုးဝိုင် ဘုန်တော်ကြီးကျောင်းတွင် မြန်မာအလုပ်သမား၏သားသမီးများအား စာပေသင်ကြားပေးနေရာတွင်  ဘာသာ၊ယဉ်ကျေးမှု့များသင်ကြားပေးနေသော သံဃာတော်နှင့်အမှတ်တရ။

လူ လူချင်းပေမို့-(၁)

ထိုင်းနိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံအစိုးရတို. နှစ်နိုင်ငံအစိုးရတို့ ၂၀၀၃-ခုနှစ် ဇွန်လ(၂၁)ရက်နေ့က နိုင်ငံခြားအလုပ်သမား များဘ၀မြှင့်တင်ရေးကိုအခြေခံ၍ စာချုပ်ရေးသားချုပ်ဆိုပြီးဆောင်ရွက်လာခဲ့ကြသည်။ ထိုကဲ့သို့ဆောင်ရွက်လာခဲ့ကြသည်မှာ(၁၀)နှစ် နီးပါးကြာမြင့်ခဲ့ကြသော်လည်း သင့်တော်သည့်တိုးတက်မှု့အခြေအနေကိုမရရှိနိုင်သေးသည်ကိုတွေ့နိုင်ပါသည်။ ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံ သည်နယ်စပ်တွင်မိုင်ပေါင်းများစွာဆက်စပ်နေခြင်းမှာအကြောင်းအရာတခုဖြစ်သော်လည်း ပြဌာန်းဥပဒေအပေါ်တွင်လိုက်နာမှု့နည်းပါး ခြင်းမှာ အဓိကအကြောင်းအရာဖြစ်နေကြာင်းကိုတွေ့ရသည်။ ယခင်ကတင်ပြခဲ့သည့်အတိုင်း နိုင်ငံခြးအလုပ်သမားကိုအသုံးပြုကြသော်လည်း နိုင်ငံခြားအလုပ်သမားထားရှိခွင့် မရှိသည် အတွက် ၀င်ရောက်စစ်ဆေးမှု့ပြုသည့်အခါတွင် ဥပဒေအရအလုပ်ရှင်မှ ပျက်ကွက်ခြင်းမှန်သော်လည်း အလုပ်သမားသာလျှင်ဖမ်းဆီး ခံရခြင်း၊ငွေကုန်ကျခြင်း၊ထောင်ကျခြင်များ ခံကြရသည်။ အမှန် ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားရေးရာဥပဒေ လုပ်ထုံးလုပ်နည်းများတွင်- အလုပ်သမားရုံး ပြန်တမ်းဝင်အရာရှိ အမိန့်ဖြင့် အလုပ်ရုံတခုကို ၀င်ရောက်စစ်ဆေးရန် သက်ဆိုင်ရာနယ်မြေ ရဲ၏အကူအညီ ရယူကာ ၀င်ရောက်စစ်ဆေးကြ၇သည်။ သက်ဆိုင်ရာနယ်မြေ၇ဲကလည်း အထက်ပါအကြောင်းကြားချက်ရမှသာလျှင် အကူအညီ ပေးရခြင်းဖြစ်သည်။( ရာဇ၀တ်မှု့ ချိုးဖေါက်သူကို ၀င်ရောက်ဖမ်းဆီးခြင်းနှင့်မသက်ဆိုင်ပါ) သို့သော် အထက်ပါအချက်အလက်များမရှိ- မည်သူကမျှ အကြောင်းကြားခြင်း၊အကူအညီတောင်းခြင်းမရှိဘဲ၊ အလုပ်ရုံများ ကို ၀င်ရောက်ဖမ်းဆီးခြင်းများကို မကြာခဏ ဆိုသလိုတွေ့ရသည်။ ထိုအခါတွင် ပတ်စပို့ရှိသူ၊ ၀ပ်ပါမစ်ရှိသူများသာ ဖမ်းဆီးခြင်းခံကြ ရသည်။ အလုပ်သမားကို အလုပ်ခွင်အပြင်တွင်လည်း ဖမ်းဆီးသည့်အခါ ပတ်စပို့ရှိသူ၊ ၀ပ်ပါမစ် ရှိသူများသာ ဖမ်းဆီးခြင်းခံခဲ့ကြ ရသည်။ သို့သော် မည်သည့်အထောက်အထားများမှမရှိသော်လည်းရဲကြေး(ပုလိပ်ကဒ်) တလ(၅၀၀)ဘတ်ပေးထားသူပါလျှင် ထိုသူမှာဖမ်းဆီးခြင်းမခံရပါ။ ထိုအခါတရားဝင်ပတ်စပို ရှိနေသူများက -ငွေကုန်ကြေးကျများစွာဖြင့်ပြုလုပ်ထားသော ပတ်စပို့သည် ပုလိပ်ကဒ်(၅၀၀)တန်ဘတ်လောက်ပင်အသုံးမ၀င်ဟုမြင်လာကြသဖြင့် ပတ်စပို့လုပ်ရန် ဆန္ဒမရှိကြတော့ပေ။ အလုပ်ချိန်ပြင်ပတွင် ပတ်စပို့ရှိနေသော်လည်း ၀ပ်ပါမစ်မရှိသောကြာင့်ဖမ်းဆီးခြင်း ခံရသူများလည်းများစွာတွေ့ရသည်။ အမှန်မှာ- ထိုင်းနိုင်ငံအတွင်းနေထိုင်ခွင့်ရှိသော ပတ်စပိုအလယ်တွင် နေထိုင်ခွင့်(visa) ရှိနေပြီးအလုပ်ချိန်ပြင်ပတွင် အလုပ်လုပ်ခွင့် အထောက်အထားစစ်ဆေးနေခြင်း၊ ဖမ်းဆီးခြင်းများခံကြရသည်။အလုပ်သမား ဥပဒေရှိနေပါလျှက် မြန်မာအလုပ်သမားများ အနေဖြင့် ဥပဒေ၏အကာအကွယ်ကိုရရှိမှု့နည်းပါးနေကြသည်။ အလုပ်ရှင်မှ နိုင်ငံခြားအလုပ်သမားများအသုံးပြုသော်လည်း လုပ်ဆောင်သင့်သည့်ဥပဒေဆောင်ရွက်မှု့များပျက်ကွက်သည့်အခါတွင် အလုပ်သမားဘက်တွင်လည်း ကျီးလန့်စာ စား လုပ်နေ ရဖြင့် အပြည့်အ၀တာဝန်ကျေမှု့ရော့ပါးလာပါတော့သည်။ တခါတွင် အလုပ်သမားကူညီရေးအဖွဲ့မှ ဆက်သွယ်တင်ပြလာသည်မှာ- နှစ်စဉ်ဆေးရုံဘတ်ပြုလုပ်လာသောမြန်မာအလုပ် သမတဦး ဆေးရုံဘတ်ပန်းရောင်မရရှိဘဲ အဖြူရောင်ဆေးရုံဘတ်သာရရှိခဲ့သည်။ကိုယ်ဝန်ကိုဆေးရုံသို့သွားရောက်ပြသသောအခါ ကုန်ကျစရိတ်များ များစွာကုန်ကျခဲ့ပြီး၊ကလေးမွေးဖွားသည့်အခါတွင်လည်းကုန်ကျစရိတ်များစွာရှိမည်ဖြစ်ကြောင်းသိရှိခဲ့ရသည်။ ထိုအခါ ထိုအလုပ်ရုံမှ မန်နေ၈ျာဖြစ်သူအားဖုံးဖြင့် မိမိသည် ထိုင်းနိုင်ငံအတွင်းရောက်ရှိနေသောမြန်မာအလုပ်သမားကူညီစောင့် ရှောက်ရေးကော်မတီအဖွဲ့ဝင်တယောက်ဖြစ်ကြောင်းပြောဆိုပြီး မြန်မာအလုပ်သမ မိန်းကလေး၏ဆေးရုံဘတ်အကြောင်းမေးရာ ဖုန်းကိုပိတ်လိုက်ပါသည်။ နောက်နာရီဝက်ခန့်အကြာ ထပ်မံဆက်ရာ ထိုမြန်မာအလုပ်သမ၏ဆေးရုံဘတ်ကိစ္စအားဆောင်ရွက် ထားပြီဖြစ်ကြောင်းနှင့် (ရ)ရက်ခန့်အကြာတွင်ပြီးမည်ဖြစ်ကြာင်းပြောလာသည်။ ထိုကြောင့် မိမိက မန်နေ၈ျာအားကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိအလုပ်လုပ်ကိုင်နေကြသော မြန်မာများသည်လည်းလူသားများသာ ဖြစ်ကြသည်။ မြန်မာအလုပ်သမားကို အသုံးပြုသူ အလုပ်ရှင် နှင့် အလုပ်ရှင်အကျိုးအတွက် အလုပ်လုပ်ပေးနေသူ အလုပ်သမား နှစ်ဦးနှစ်ဖက်တို့သည် အပြအလှန် အမှီပြုနေကြသော လူသားများဖြစ်နေကြသောကြောင့် မြန်မာအလုပ်သမား(နိုင်ငံခြားအလုပ် သမား) များ၏ ခံစားပိုင်ခွင့်များကိုပြည့်ဝအောင် အလုပ်ရှင်(နိုင်ငံသား) မှဆောင်ရွက်ပေးရမည်သာဖြစ်သည်။ သို့မှသာလျှင် ထိုင်းအလုပ်ရှင်များ စိုးရိမ်ပူပန်နေသော အနာ၈တ်တွင် ထိုင်းအလုပ်ရုံများတွင် အလုပ်သမားရှားပါမှု့ပြသနာ ကိုဖြေရှင်းနိုင်ကောင်း ဖြေရှင်းနိုင်မည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ
ထိုင်းနိုင်ငံတွင် ဒေသခံအစိုးရက အားကောင်းနေပြီး၊ ဗဟိုအစိုးရနဲ့ဆောင်ရွက်ရုံနဲ့တင် မပြီးပြတ်၊
မပြီးမြောက်နိုင်ကြောင်း၊ဒေသခံအောက်ခြေအစိုးရနှင့်ပါ ဆက်ဆံရေးကောင်းမှသာလျှင်ထိရောက်နိုင်
 မည်ဖြစ်ပါသည်။ထိုကြောင့်-လူ လူချင်းပေမို့ လူသားများရပိုင်ခွင့် ပြဌာန်းပြီးဥပဒေ ကို လူသားတိုင်း
 ခံစားနိုင်စေ ရန် အချိန်ယူဖြေရှင်းရမည့် ခေါင်းစဉ်တခုအဖြစ် ရပ်တည်နေဦးမည်သာ

Tuesday, September 18, 2012

သားသမီးများ၏အနာ၈တ်ကိုလေးစားပါ။

မြန်မာအလုပ်သမားများ၏ သားငယ်သမီးငယ်များအတွက် အခမဲ့မူလတန်းပညာသင်ခမ်း ကို မိဘများဖြစ်ကြသော မြန်မာအလုပ်သမားများ လုံးဝကုန်ကျစရိတ်မရှိဘဲ ဖွင့်လှစ်ပေးထားပြီး- (၁) ကလေးများ ကို ကျောင်းသုံးစာအုပ်များနှင့် ကျောင်းဝတ်စုံများ အခမဲ့ ပေးခြင်း။ (၂) သံဃာတော်တပါးမှ နံနက် (၁)နာရီခန်. ဗုဒ္ခဘာသာ နှင့်ယဉ်ကျေးမှု့စာပေသင်ကြားခြင်း။ (၃) B.A(ဒသနိက)ဘွဲ့ရ မြန်မာအလုပ်သမ အား ငှား၍ ကျောင်းဆရာအဖြစ် သင်ကြားပေးစေခြင်း။ (ဆရာဖြစ်သင်တန်း ဆင်းဟုသိရသည်)။ (၄) အပါတ်စဉ် ဆန်ပြုတ် တိုက်ကျွေးခြင်း (သို့) ဆန်တကီလို စီ ဝေပေးခြင်း (၅) ကျောင်း၏ ရေခ မီးခများပေးခြင်း နှင့် လိုအပ်သော အချက်များကို မြန်မာအလုပ်သမားများဝမ်းရေးအတွက် ရှာဖွေနေချိန်တွင် အပူအပင်မရှိ အလုပ်လုပ်ကိုင်နိုင်စေရန်နှင့် အသက်အရွယ်ငယ်ရွယ်သူကလေးများကို မူးယစ်ဆေးဝါး ပေါများလာနေသော ထိုင်းနိုင်ငံတွင် အကျင့်စာရိတ္တ မယွင်းမှားသွားစေရန် ရည်ရွယ်ချက်ဖြင့် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ ယခုကဲ့သို့ဖေါ်ပြနေခြင်းမှာ- စာရေးသူ၏ လုပ်ဆောင်ချက်များကို ထုတ်ဖေါ်တင်ပြနေခြင်းမဟုတ်ပါ။ မိမိ၏ သားသမီးများနောင်ရေး ကို မတွေးကြသော အချို့သောအလုပ်သမားမိဘဖြစ်သူများအပေါ် ၈ရုဏာဒေါသောဖြစ်ရခြင်းကို တင်ပြလို၍ ဖြစ်ပါသည်။ စတင်၍ ကျောင်းဖွင့်ချိန်(၃)လလောက်တွင် ကျောင်းသားများ(၄၅)ဦးရှိနေပြီး နောက်ပိုင်းတွင် (၃၀)ကျော်သာကျောင်းသို့လာသည်ကိုတွေ့ရ သည်။ စစ်ဆေးကြည့်သောအခါတွင် တချို့အလုပ်သမားမိဘများက အသက်(၁၀)နှစ်ကျော် မိမိတို့၏ သားသမီးများကို မိမိတို့နှင့် အတူ ၈ဏန်းရွေးခြင်း၊ပုဇွန်ရွေးခြင်းများတွင် ခိုင်းစေရန် အလုပ်ခွင်သို့ခေါ်ဆောင်၍ အလုပ်ခိုင်းစေသောကြောင့်ဖြစ်သည်။ ထိုကြောင့် ပို၍ရင်ထုမနာဖြစ်ရပါသည်။ ထိုင်းဥပဒေတွင်လည်း- Thailand to prohibit the legal employment of Children as young as 13. ဖေါ်ပြထားပြီးလည်းဖြစ်သည်။ ဥပဒေအရ တားမြစ်ထားသော ကလေးအလုပ်သမား ခိုင်းစေမှု့သည် ပြစ်ဒဏ်မည်မျှကြီးကြောင်း သိနိုင်ကောင်း သိနိုင်မည်ဖြစ်သော်လည်း မိမိသားသမီး အနာ၈တ်ဘ၀ ကိုမတွေးကြခြင်းအတွက် ၀မ်းနည်းစရာပင်ဖြစ်သည်။ ထိုပြင် ထိုင်းနိုင်ငံ အတွင်း မူးယစ်ဆေး၊ရာဇ၀တ်မှု့ မှု့ခင်းများ ရှုတ်ထွေးနေချိန်တွင် မိမိတို့၏ သားသမီးကလေးများ ငွေနောက်လိုက်ခြင်းဖြင့် လေလွင့်ပျက်စီးမှု့နောက် မရောက်သွားကြစေရန် အကျိုးမျှော်၍ နှိုးဆော်ရခြင်းသာ-

future: knowledge: ဥပဒေရေးရာ(၁)

future: knowledge: ဥပဒေရေးရာ(၁):
   ထိုင်းနိုင်ငံ အလုပ်သမားကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေ B.E 2541 အရ အလုပ်ရှင်၊အလုပ်သမား
အခွင့်အရေးနှင့်တာဝန်များ ကိုဖေါ်ပြထားခြင်းကိုတွေ့နိုင်သည်။ထို အက်ဥပဒေကိုလိုက်နာလာစေရန်ကိုလည်း
အဖက်ဖက်မှကျိုးပမ်းကြမှသာလျှင် မြန်မာအလုပ်သမားများအနေဖြင့် ရပိုင်ခွင့်များကို ပြည့်ဝစွာခံစားရနိုင်မည်
ဖြစ်သည်။
   နိုင်ငံခြားသားများအလုပ်လုပ်ကိုင်ခွင့် ဥပဒေ (Alien work Permit Act B.E 2521) အရ အလုပ်ရှင်နှင့်
တရားမ၀င်အလုပ်သမား(မြန်မာ၊လားအို၊ကမ်ဘောဒီးယား)များ ချိုးဖောက်ခဲ့သော် ချမှတ်ခံရမည်ပြစ်ဒဏ်များ
လည်းပြဌာန်းထားပြီးဖြစ်သည်။ ယခုကဲ့သို့ဖေါ်ပြရခြင်းမှာ မြန်မာအလုပ်သမားများအားကြောက်စိတ်ဝင်သွား
စေရန်မဟုတ်ပါ။ ပြဌာန်းပြီးဥပဒေကို မလိုက်နာ၍သော်၎င်း၊ မသိနားမလည်၍ ကျူးလွန်မိလျှင်သော်၎င်း၊
ဥပဒေက ကင်းလွတ်ခွင့်ပြုမည်မဟုတ်ပါ၊ ထိုအခါတွင် ပြဌာန်းပြီးဥပဒေကို သိနားလည်ရန်လိုအပ်မည်ဖြစ်ပါ
သည်။  ဥပမာ-
ပြစ်မှု့ဆိုင်ရာ ဥပဒေပုဒ်မ(၇)တွင် တရားမ၀င် ၀င်ရောက်လာသောသူများ အလုပ်သမားမှတ်ပုံတင်မရှိဘဲ
အလုပ်လုပ်ခြင်း။ 
        ပြစ်ဒဏ်ချမှတ်ခြင်း-ပုဒ်မ ၃၄ အရ ထိုအလုပ်သမားအား အနည်းဆုံးထောင်ဒဏ်(၃)လ (သို့)ဒဏ်ငွေ
(၅၀၀၀)(သို့) ထောင်ဒဏ်နှင့်ငွေဒဏ်နှစ်ခုစလုံးကျခံရမည်။
ပြစ်မှု့ဆိုင်ရာ ဥပဒေပုဒ်မ(၂၂)တွင်  အလုပ်သမားလက်မှတ်မရှိသောသူများအား အလုပ်စေခိုင်းခြင်း (သို့)
ပုံစံတွင် သတ်မှတ်ဖြည့်စွက်ထားသော အလုပ်အတိုင်းမလုပ်ခြင်း။
        ပြစ်ဒဏ်ချမှတ်ခြင်း-ပုဒ်မ(၃၉) အရ ထိုအလုပ်ရှင် သည် အများဆုံးထောင်ဒဏ်(၃)နှစ်(သို့)ဒဏ်ငွေ
(၆၀၀၀၀) (သို့)ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ခုစလုံးကျခံရမည်။
   အထက်ပါ ဥပဒေ (၂)ချက်ကို ကြည့်လျှင် အလုပ်ရှင် နှင့် အလုပ်သမား တို့အပေါ်အရေးယူမှု့ကို သုံးသပ်
ပါလျှင်  ကျူးလွန်မှု့ တခုတည်းအပေါ်မှ အခြေခံလာခြင်းဖြစ်သည်၊   ထိုအခါတွင် အလုပ်ရှင်ဖြစ်သောသူက
ပြစ်ဒဏ်ကျခံမှု့နည်းသော အလုပ်သမားသာ ခံရစေတော့သည်။ မြန်မာအလုပ်သမားအနေနှင့် ဘာသာစကားမကျွမ်းကျင်ခြင်း၊နိုင်ငံသားမဟုတ်ခြင်းကြောင့် ငွေကုန်၊ထောင်ကျခြင်းများကိုခံကြရသည်။
 ထိုကြောင့်စာအုပ်တွင်ရှိသောဥပဒေကို လက်တွေ့အကောင်အထည်ဖေါ်ကြရန်သာရှိပါကြောင်း-

Sunday, September 9, 2012

လူသားချင်း-ချင်းနှိမ့်ချခြင်း-

မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံ နှစ်နိုင်ငံမှာ နယ်စပ်မိုင်ပေါင်းများစွာဆက်စပ်နေလျက်ရှိရာ အခြေအနေအမျိုးမျိုးကြောင့် မြန်မာများမှာ ထိုင်းနိုင်ငံအတွင်းဝင်ရောက်လျှက် ၀မ်းရေးအတွက်အလုပ်လုပ်ကိုင်စားသောက်နေကြသည်မှာ ဆယ်စုနှစ်များကျော်လာခဲ့ကြပေသည်၊ သို့အတွက်ကြောင့် ထိုင်းလူမျိုးအများစု၏ရင်ထဲတွင် မြန်မာများအပေါ်တွင် အလုပ်သမားများဟူသောအမြင်သာထင်နေကြသည်၊ ၈-၂၀၁၂ နေ့ ၀က်ဆိုဒ်တခုတွင် ထိုင်းနိုင်ငံတက္ကသိုလ်တွင် ဆရာမလုပ်နေသော မြန်မာအမျိုးသမီးအား ထိုင်းအမျိုးသမီးကြီးတဦးက ၄င်း၏အိမ်တွင် အိမ်ဖေါ်လုပ်ရန်ငှားသည့်အကြောင်းဖတ်လိုက်ရဘူးသည်။ ထိုပြင် အခြားဝက်ဆိုဒ်တခုတွင် လည်း MoU ဆိုတာ မြန်မာအလုပ်သမားကို ထိုင်းနိုင်ငံအတွင်းလုပ်ခြင်သလိုလုပ်လို့ရအောင် လူသားကိုပါဆယ်လုပ်ပို့ခြင်းသာဖြစ်သည်ဟုဖတ်လိုက်ရသည် မည်သို့ပင်ဆိုစေ မြန်မာအလုပ်သမားများ ထိုင်းနိုင်အတွင်းဆက်လက်ရှိနေ၊ အလုပ်လုပ်နေကြဦးမည်မှာသေချာပါသည်၊ထိုကြောင့် မြန်မာများ၊မြန်မာအလုပ်သမားများကို တိုးတက်လာသောဘ၀ ဖြစ်လာစေရန် ယာယီနိုင်ငံကူးလက်မှတ်များပြုလုပ်ပေးနေသောယခုအချိန် တွင် အသိပညာရှင်၊အတတ်ပညာရှင်များကူညီမှု့ဖြင့် မြန်မာများအပေါ်အမြင်ရှင်းစေရန် ကျိုးစားဆောင်ရွက်ကြရန်သာရှိပါသည်။ စာရေးသူအနေဖြင့် အချက်(၂)ချက်ကိုသာဦးစွာရေးသားလိုပါသည်။ (စာရေးသူ အကြံပြုချက်) (၁) ထိုင်းနိုင်ငံအတွင်းမရှိမဖြစ်လိုအပ်နေသော နိုင်ငံခြားအလုပ်သမားများကို အလုပ်ရှင်က ကာကွယ်မှု့မပေးနိုင်ခြင်း။ (ဥပမာ- စာရေးသူအနေနှင့် ထိုင်းနိုင်ငံအတွင်း ၁၄-နှစ်ကျော်နေထိုင်၍ မြန်မာအလုပ်သမားများနှင့်ထိတွေ့ချိန်တွင် အလုပ်ရှင်က အလုပ်သမားအတွက် ကိုတာ(နိုင်ငံခြားအလုပ်သမားထားရှိခွင့်) မယူခြင်း၊ အလုပ်ရှင်အမည်ခံ၍ အလုပ်လုပ်ခွင့် လုပ်မပေးခြင်း။ ထိုအခါ အလုပ်သမားအနေဖြင့် အလုပ်ရှင်တွင် ကိုတာ (နိုင်ငံခြားအလုပ်သမားခွင့်)မရှိသောကြောင့် အခြားသော ကိုတာ ရှိသူ (သို့) ပွဲစားများနှင့် အလုပ်လုပ်ခွင့် (workpermit) ရန်ဆောင်ရွက်ကြရပါသည်။ တခါတရံ တွင် အလုပ်ရှင်ကဆောင်ရွက်မပေး သောကြောင့် အလုပ်သမားကိုယ်တိုင် အလုပ်ရှင်၏ကိုတာ၊ အလုပ်ရှင်၏မှတ်ပုံတင်မိတ္တူ၊ အလုပ်ရှင်၏သန်းခေါင်စာရင်းမိတ္တူများဖြင့် လာရောက်အကူအညီတောင်းကြသည်များလည်းရှိခဲ့သည်။ အလုပ်ရှင်ကိုယ်တိုင်ခွင့်ပြုလက်မှတ်များ မိတ္တူစာရွက်များပေါ်တွင်ရေးထိုး ထားပါသော်လည်း အလုပ်သမားအပေါ်ငြိုငြင်မှု့ရှိသည့်အခါတွင် ကူညီပေးသူကို တရားစွဲဆိုလာသည်အထိ တွေ့ခဲ့ဘူးသည်။ အလုပ်ခွင်သို့၀၀်ရောက်စစ်ဆေးလာသောအခါတွင် မည်သည်အလုပ်ရှင်မှ ကူညီမှု့မပေးသည့်အတွက် မြန်မာအလုပ်သမားသာ အလုပ်ရှင်အမည်မတူညီမှု့ဖြင့် ငွေသောင်း၈ဏန်းချီ၍ ကုန်ကြခြင်း၊ထောင်ကျခြင်းများဖြစ်နေကြရသည်။ ထိုကြောင့် နိုင်ငံခြားသားအလုပ်သမားအသုံးပြုလိုသည့်မည်သည့်အလုပ်ရှင်မဆို ကိုတာ(နိုင်ငံခြားအလုပ်သမားထားရှိခွင့်)ယူရမည် ဟူသောသတ်မှတ်ချက်ရှိရန်လိုပါသည်။ (၂) MoU တင်သွင်းခြင်းနှင့်ပါတ်သက်၍ နယ်ခြားMoU ရုံးများ နှင့် တင်သွင့်ခွင့်ရကိုယ်စားလည်(အေ၈ျင့်)များ၏ အလုပ်သမား များအပေါ်ကာကွယ်မှု့။ MoU အလုပ်သမားများအနေနှင့် ထိုင်းနိုင်ငံတွင်းသို့ရောက်ရှိလားသောအခါတွင် မူလတင်သွင်းလာသော စာချုပ်၏ပွင့်လင်း မြင်သာမှု့မရှိခြင်း၊ စာချုပ်ပါအတိုင်းလိုက်နာရန်ပျက်ကွက်ခြင်းများကြောင့် ပတ်စပို့ဆုံးရှုံးမှု့ နှင့် အခြားသောနစ်နာဆုံးရှုံး မှုများစွာရှိနေကြရပါသည်။ (ဥပမာ- စွန်ခလာစက်ရုံ ပြသနာဆိုလျှင် သံရုံးမှပင်ဝင်ရောက်ရှင်းလင်းခဲ့ရသည်။) ထိုကြောင့် MoU အလုပ်သမားတင်သွင်းမှု့တွင် နယ်ခြားMoU ရုံးများနှင့် တင်သွင်းခွင့်ရကိုယ်စားလည်များအနေဖြင့် တင်သွင်းမည့်အလုပ်သမားတဦးချင်း၏ ထိုင်းနိုင်ငံအတွင်း နစ်နာမှု့ဖြစ်ပေါ်လာပါလျှင် ကုစားပေးနိုင်ရန် လုံလောက်သော အာမခံငွေ ထားရှိပြီးမှ ဆောင်ရွက်ခွင့်ပြု၇န်သာရှိပါကြောင်းကို အကြံပြုရင်း- လူသားချင်း-ချင်းနှိမ့်ချခြင်း ကင်းရှင်းကြပါစေ ဟုဆုတောင်းပေးလိုက်ရပါသည်။

Tuesday, September 4, 2012

အခမဲ့မူလတန်းပညာသင်ခမ်းအတွက်အလှူ့ရှင်များ-

ယခင်နှစ်လက်ကျန်ငွေ- - - - - - - - - ၆၀၀၀-ဘတ် (၁) ဦးရန်ကုန် ဒေါ်သီတာ စာအုပ်(၅)ဒါဇင်၊ ခဲတန်(၁)ဘူး၊ ချွန်စက်(၃)ခု (၂-၇-၂၀၁၂) (၂) ဦးပွေး ဒေါ်အေး သောက်ရေပုံး(၁)လုံး၊ ဖန်ခွက်(၄)လုံး၊ပုံဆွဲစာအုပ်-၁၀- (၂-၇-၂၀၁၂) (၃) ဒေါ်ချိုချို နံရံကပ်ပန်ကာ(၂)လုံး၊စာအုပ်(၆)ဒါဇင်၊ကျောပိုးအိပ်(၁)-(၂-၇-၂၀၁၂) (၄) ဦးဇော်ဦး ဒေါ်နှင်းစိန် သောက်ရေနှစ်လုံးပေါက်လှူ (၅) ဦးအောင်ကိုလတ် ဒေါ်ဝေနှင်းသက် - - - ဘောပင်(၄)ချောင်း၊ပန်းအိုးငယ်(၁)လုံး၊၅၀၀ ဘတ် (၅-၇-၂၀၁၂) (၆) ဦးအောင်သန်းငွေ ဒေါ်စန်းရင် - - - - ၁၀၀-ဘတ် - (၆-၇-၂၀၁၂) (၇) ဦးဝမ်း ဒေါ်ဆွေဆွေ - ဘုရားစင် နှင့်ဘုရားကားပုံတော် (၂-၇-၂၀၁၂) (၈) ဦးမျိုး မမြစိမ်း - - တိုင်ကပ်နာရီ (၁)လုံး - - - - - - - (၂-၇-၂၀၁၂) (၉) ပူစူးမ - - - - - ၁၀၀-ဘတ် - - - - - - - (၁၂-၇-၂၀၁၂) (၁၀) ဦးအောင်လွင် ဒေါ်သက်- ပေတံ(၇)ချောင်း - - - - - - - - - - (၁၃-၇-၂၀၁၂) (၁၁) ဒေါ်ဆွေဆွေမြင့် - - - -ခဲတန်(၅၀)ချောင်း၊ စာအုပ်(၂)ဒါဇင် - - - - - (၁၆-၇-၂၀၁၂) (၁၂) မောင်ကျော်မင်းဆွေ - - ၂၀၀-ဘတ် - - - - - - - - - - - - - (၁၆-၇-၂၀၁၂) (၁၃) မောင်ဝင်းသော်ဦး - - ၁၀၀-ဘတ် - - - - - - - - - - - - - (၁၆-၇-၂၀၁၂) (၁၄) ကိုလတ်နှင့်အဖွဲ့ - - စာအုပ်(၂)ဒါဇင်၊ခဲတန်(၁)ဗူး၊ ချွန်စက်(၁၀)ခု - - - - (၁၈-၇-၂၀၁၂) (၁၅) ကိုမျိုး(ဆောက်လုပ်ရေး)-စာအုပ်(၂)ဒါဇင် - - - - - - - - - - - - -(၇-၈-၂၀၁၂) (၁၆) မဆွေဆွေမြင့် - - - - စာအုပ်(၅)အုပ်၊ ခဲတန်(၆)ချောင်း - - - - - - - -(၇-၈-၂၀၁၂) (၁၇) ကိုလတ် မနွယ်နွယ် - - စာအုပ်(၁၀)အုပ် - - - - - - - - - - - - (၇-၈-၂၀၁၂) (၁၈) ကိုစိုင်းနှင့်အဖွဲ့ ဖီလစ်ရေခဲ့မုန့်စက်ရုံ - - စာအုပ်-ခဲတန်(၄၂)စုံ - - - - - - - - - - - (၁၃-၈-၂၀၁၂) (၁၉) ကိုမင်းသူ မစပါယ် ချင်းမိုင်မြို့ - - ၁၀၀၀၀-ဘတ် - - - - - - - - - - - - - (၂၅-၇-၂၀၁၂) (၂၀) ကိုစိုးဝင်း မဌေး - - - ၅၀၀၀- ဘတ် - - - - - - - - - - - - (၁၈-၇-၂၉၁၂) (၂၁) ကိုကျော်အောင် - - - ၁၀၀၀-ဘတ် - - - - - - - - - - - - - ( ။ ။ ။ ။) (၂၂) မကေကေချို - - - ၁၀၀၀-ဘတ် - - - - - - - - - - - - ( ။ ။ ။ ။) (၂၃) ကိုသန်းဇော် မဇူဇန် - - ကွယ်လွန်သူ ဖခင်ကြီးဦးကျော် အားရည်စူး၍ ကျန်ရစ်သူမိခင်ကြီး ဒေါ်ကြည်ညွန့် တို့က-၅၀၀၀-ဘတ်လှူ-(၂၅-၈-၂၀၁၂) ဆက်လက်ဖေါ်ပြပါမည်။

ဆန်ဒါန

စူရပ်ဌာနီခရိုင်၊ ဖိုးဝိုင်ဘုန်းတော်ကြီးကျောင်းတွင်ဖွင့်လှစ်ထားသော မြန်မာအလုပ်သမားများ၏ သား၊သမီးများကို မူလတန်းပညာ သင်ကြားပေးနေသော အခမဲ့မူလတန်းပညာသင်ခမ်း ရှိ ကျောင်းသားငယ်တဦးလျှင် ဆန် (၁)ကီလိုစီ လှူဒါန်းပေးနေစဉ်။(၅-၉-၂၀၁၂) သံဃာတော်အရှင်မြတ်မှာ ကျောင်းသားလေးများအား ဗုဒ္ဒ္ခဘာသာ ယဉ်ကျေးမှု့စာပေသင်ကြားနေပါသည်။ ဆန်အလှူရှင် ဦးအောင်မျိုးသန့် ဒေါ်ကြူလာတို့ က ရက်သတ္တပါတ်တိုင်း ကျောင်းသားကလေးများကို ရာဟုနှင့်မုန့်တိုက်ကျွေးခြင်း (သို့)နို့ နှင့်မုန့်တိုက်ကျွေးခြင်းများကို နှစ်လုံးပေါက် လှူဒါန်းပါသည်။