ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအနေဖြင့် ယခင်အလုပ်သမားလက်မှတ်သော်၎င်း၊ ယာယီနိုင်ငံကူးလက်မှတ်
သော်၎င်း ကိုင်ဆောင်လာကြသောအချိန်တွင် အတွေးအခေါ် အယူအဆများလည်းပြောင်းလဲလာကြဘို့လိုပါသည်။ မိမိတို့ဘ၀တိုးတက်
လာစေရန် ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်လာသောအချိန်တွင် ခံစားပိုင်ခွင့်များတိုးတက်ပြောင်းလဲလာသည်မှာမငြင်းနိုင်သော
အချက်ဖြစ်ပေသည်။ ထိုအတူ မိမိတို့၏ ယခင်က ဘောင်းဘီရှည်ဝတ်လာသူမြင်တိုင်း ကြောက်လန့်နေကြသော အသိများကိုပယ်ဖျောက်
ရမည်ဖြစ်သည်။ တရားဝင်အလုပ်သမားအဖြစ်ရောက်ရှိလာချိန်တွင် အလုပ်သမားများ၏ ရပိုင်ခံစားခွင်ဥပဒေများလည်းအတိအလင်းရှိ
နေပြီးဖြစ်ပါသည်။ တာဝန်အရ စစ်ဆေးသူများအပေါ်တွင် လေးစားမှု့ဖြင့် မိမိသည်တရားဝင်အလုပ်သမားတယောက်ဖြစ်ကြောင်းရှင်းလင်း
တင်ပြရဲသော သတ္တိရှိနေကြရပါမည်။ မရှိခဲ့လျှင်လည်းမွေးယူကြရပါမည်။ မြန်မာပုံပြင်တွင် အကြောက်ကြီးလွန်းသောယုန်ငယ်ကြောင့်
တတောလုံးသားကောင်များသေကြေပျက်စီးခဲ့ကြရသည်။ ယခုထိုင်းနိုင်ငံတွင် လွန်ခဲ့သောနှစ်ကဖြစ်ခဲ့သောဖြစ်ရပ်မှန်တခုရှိခဲ့ဘူးသည်၊
ထိုအဖြစ်အပျက်မှာ- ထိုင်းနိုင်ငံတောင်ပိုင်းဖန်ငါး တံတားဆောက်လုပ်ရာတွင် နိုင်ငံခြားအလုပ်သမားခေါင်း(၁၀၀)ဖြတ်၍
စတေးမည်ဆိုသော သတင်းဆိုးကြောင့် အလုပ်သမားအတော်များများ အလုပ်မှလက်လွတ်ဆုံးရှုံးခဲ့ကြရသည်။ ရာလာခြစ်သောအလုပ်သမားများကလည်း ညအချိန်တွင် ရာဘာခြစ်ရန် မသွားရဲကြတော့ပေ။ တရက်မှ နှစ်ရက် နှစ်ရက်မှ သုံးရက်ပြည့်
လာသောအခါတွင် ပိုင်ရှင်မှ အလုပ်ပျက်သည်ဟူသောအကြောင်းပြချက်ဖြင့် ထိုအလုပ်သမားအား အလုပ်မှထုတ်ပြစ်လိုက်ပါသည်။
ထိုနေရာကို မကောင်းသတင်းလွင့်သော အတ္တသမားများက ၀င်ရောက်နေရာယူကြပါတော့သည်။ ထိုကြောင့် အကြောင်းချင်းရာတခု
ကြားသိဖြစ်ပေါ်လာလျှင် အကြောက်တရားကင်းစင်စွာဖြင့် စစ်မှန်စွာတွေးခေါ်တတ်သော မှန်ကန်သောသတ္တိကိုမွေးကြပါရန်-
No comments:
Post a Comment