Tuesday, August 14, 2012

လူမျိုး(၂)

မြန်မာနိုင်ငံသည် တိုးတက်သောနိုင်ငံအဖြစ်သို့တဖြေးဖြေးရွေ့ရှာနေသည်။ အရှေ့တောင်အာရှနိုင်ငံများအကြားတွင် နောင်လာမည့် (၁၀)နှစ်တွင်မြန်မာနိုင်ငံသည် စီးပွါးရေးတွင်ဦးဆောင်မည်ဟုထင်ကြေးပေးနေကြသည်၊ မြန်မာနိုင်ငံတွင် ဦးဆောင်မှု့ပေးနေကြသော အစိုးရပိုင်းမှလည်း မှန်မှန်နှင့် ပွင့်လင်းမြင်သာပြီး တဖြေးဖြေးခြင်းတိုးတက်လာစေရန် ဆောင်ရွက်ပေးနေသည်မှာလည်းတွေ့နိုင်နေ ပြီးဖြစ်ပါသည်။ ထိုအတူ မြန်မာနိုင်ငံတိုးတက်ရာတိုးတက်ကြောင်းကိုပူးပေါင်းပါဝင်ကူညီနေကြသူများလည်း များစွာရှိနေကြပြီးလည်း ဖြစ်သည် ။ သို့အတွက်လည်းများစွာကြေနပ်ဝမ်းမြောက်ရပါသည်။ယခုအချိန်တွင် တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းကို အဖက် ဖက်မှပါဝင်စွမ်းဆောင်နေကြသူများမှာတတ်နိုင်သမျှ အနစ်နာခံနေကြရသည်ကများကြသည်။ မြန်မာလူမျိုးများအနေနှင့်လည်း ဘာသာတရားကိုင်ရှိုင်းကြပြီး၊အေးချမ်းနေလိုကြသောလူမျိုးများဖြစ်ကြသည်အတွက်လည်းတဖြေး ဖြေးခြင်းတိုးတက်လာမှု့အပေါ်တွင်ကြေနပ်ဝမ်းမြောက်ကြမည်သာဖြစ်သည်၊ သို့သော် အိမ်နီးခြင်းနိုင်ငံများ၏သာဓကကိုယူစရာတွေလည်း များပြားစွာတွေ့မြင်နိုင်မည်ဖြစ်သည်၊ နေရာဝယ်ခြင်း၊နေရာရောင်းခြင်း၊ နိုင်ငံသားမဖြစ်သူကို နိုင်ငံသားဖြစ်စေခြင်း စသည့် စသည့် အကြောင်းအရာအချို့တွင်ပင်ကြည့်လျှင်မြင်တွေ့နိုင်မည်ဖြစ်သည်၊ ဘ၈င်္လီလူမျိုးစစ်စစ်တယောက်ကို မြန်မာအလုပ်သမားများကိုပြုလုပ်ပေးနေသော ထိုင်းအလုပ်သမားကဒ်(ထော်ရော် ၃၈/၁)ရရှိရန် ထိုင်းနိုင်ငံရောက်မြန်မာထိုင်းစကားတတ်သူနှင့် ၀န်ထမ်းအချို့ပူးပေါင်းလျှက် (၀၀-၈၄၁၁-၁၀၉၃၀၃-၅) နံပါတ်ရအောင်ပြုလုပ်ပေးခဲ့ကြသည်။ ထိုနောက်ယာယီနိုင်ငံကူးလက်မှတ်ရရှိရန်ဆောင်ရွက်လာပါသည် ထိုအမျိုးသားက ထိုင်းအမျိုးသမီးနှင့်လက်ထပ်သောအခါတွင် ယခင်နံပါတ်ရအောင်ပြုလုပ်ပေးသူက ငွေညှစ်ရာမှစပြီး ဖြစ်ကြောင်းကုန်စင်ပေါ်လာပါတော့သည်၊ တခါတွင် ရိုတီရောင်းသောကုလားလေးတယောက်ကို လမ်းတွင်တွေ့၍ မေးကြည့်ရာ ဘ၈င်္လီလူမျိုးဖြစ်ကြောင်းသိရသည်။သူ့တွင် ယာယီနိုင်ငံကူးလက်မှတ်ရှိနေကြောင်းနှင့်(၁၅၀၀၀)ဘတ်ပေးရကြောင်း မြန်မာလိုမပီမသပြောလာသည်။ အမည်ကိုပင် မောင်စိုး ဟု ပြောတတ်နေပါသည်။ (က) ထိုကဲ့သို့ ထိုင်းနိုင်ငံရောက်မြန်မာထိုင်းစကားတတ်သူများ(အတ္တပွဲစားများ) (ခ) ဘ၈င်္လီလူမျိုး မှ ငွေပေးပြီး မြန်မာလူမျိုးဖြစ်သွားခဲ့သူများ မြန်မာနိုင်ငံထဲရောက်လာခဲ့ပါလျှင် မြန်မာနိုင်ငံ အနာ၈တ်မှာ ရင်လေးစရာဖြစ်ပါသည် သို့အတွက်လည်း ထိမ်းသိမ်းကာကွယ်နိုင်သောဥပဒေများကို တင်းတင်းကြပ်ကြပ်ရှိနေစေခြင်ပါသည်။ နောက်နောင်တွင်လည်း အထက်ပါ(က)(ခ)လူမျိုးများ စိမ့်ဝင်ထိုးဖေါက်နေကြဦးမည်ဖြစ်ပါသဖြင့် လူမျိုးမပျောက်ရန် မြန်မာလူမျိုများအနေဖြင့်ဝိုင်ဝန်းစောင့် ရှောက်ကြပါရန် နှိုးဆော်လိုက်ရပါသည်။

No comments:

Post a Comment