Wednesday, August 29, 2012
knowledge: မှန်ကန်သောသတ္တိ
ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအနေဖြင့် ယခင်အလုပ်သမားလက်မှတ်သော်၎င်း၊ ယာယီနိုင်ငံကူးလက်မှတ်
သော်၎င်း ကိုင်ဆောင်လာကြသောအချိန်တွင် အတွေးအခေါ် အယူအဆများလည်းပြောင်းလဲလာကြဘို့လိုပါသည်။ မိမိတို့ဘ၀တိုးတက်
လာစေရန် ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်လာသောအချိန်တွင် ခံစားပိုင်ခွင့်များတိုးတက်ပြောင်းလဲလာသည်မှာမငြင်းနိုင်သော
အချက်ဖြစ်ပေသည်။ ထိုအတူ မိမိတို့၏ ယခင်က ဘောင်းဘီရှည်ဝတ်လာသူမြင်တိုင်း ကြောက်လန့်နေကြသော အသိများကိုပယ်ဖျောက်
ရမည်ဖြစ်သည်။ တရားဝင်အလုပ်သမားအဖြစ်ရောက်ရှိလာချိန်တွင် အလုပ်သမားများ၏ ရပိုင်ခံစားခွင်ဥပဒေများလည်းအတိအလင်းရှိ
နေပြီးဖြစ်ပါသည်။ တာဝန်အရ စစ်ဆေးသူများအပေါ်တွင် လေးစားမှု့ဖြင့် မိမိသည်တရားဝင်အလုပ်သမားတယောက်ဖြစ်ကြောင်းရှင်းလင်း
တင်ပြရဲသော သတ္တိရှိနေကြရပါမည်။ မရှိခဲ့လျှင်လည်းမွေးယူကြရပါမည်။ မြန်မာပုံပြင်တွင် အကြောက်ကြီးလွန်းသောယုန်ငယ်ကြောင့်
တတောလုံးသားကောင်များသေကြေပျက်စီးခဲ့ကြရသည်။ ယခုထိုင်းနိုင်ငံတွင် လွန်ခဲ့သောနှစ်ကဖြစ်ခဲ့သောဖြစ်ရပ်မှန်တခုရှိခဲ့ဘူးသည်၊
ထိုအဖြစ်အပျက်မှာ- ထိုင်းနိုင်ငံတောင်ပိုင်းဖန်ငါး တံတားဆောက်လုပ်ရာတွင် နိုင်ငံခြားအလုပ်သမားခေါင်း(၁၀၀)ဖြတ်၍
စတေးမည်ဆိုသော သတင်းဆိုးကြောင့် အလုပ်သမားအတော်များများ အလုပ်မှလက်လွတ်ဆုံးရှုံးခဲ့ကြရသည်။ ရာလာခြစ်သောအလုပ်သမားများကလည်း ညအချိန်တွင် ရာဘာခြစ်ရန် မသွားရဲကြတော့ပေ။ တရက်မှ နှစ်ရက် နှစ်ရက်မှ သုံးရက်ပြည့်
လာသောအခါတွင် ပိုင်ရှင်မှ အလုပ်ပျက်သည်ဟူသောအကြောင်းပြချက်ဖြင့် ထိုအလုပ်သမားအား အလုပ်မှထုတ်ပြစ်လိုက်ပါသည်။
ထိုနေရာကို မကောင်းသတင်းလွင့်သော အတ္တသမားများက ၀င်ရောက်နေရာယူကြပါတော့သည်။ ထိုကြောင့် အကြောင်းချင်းရာတခု
ကြားသိဖြစ်ပေါ်လာလျှင် အကြောက်တရားကင်းစင်စွာဖြင့် စစ်မှန်စွာတွေးခေါ်တတ်သော မှန်ကန်သောသတ္တိကိုမွေးကြပါရန်-
Thursday, August 16, 2012
နတ္ထိလောကေ-
အကြောင်းတရားတခုအပေါ်တွင်အမြင်မတူတာကြောင့် လွဲမှားသောခံစားချက်တွေ မဖြစ်သင့်ပါ၊ တူညီသောယူဆချက်တွေရှိကြသလို
မတူညီသောခံယူချက်များလည်းရှိကြမည်မှာမုချပင်၊ လူတယောက်တည်းတွင်ရှိနေသော လက်ချောင်းကလေးများကိုပင်ကြည့်လျှင်အတို
အရှည်မညီကြောင်းတွေ့နိုင်မည်ဖြစ်သည်။ ထိုအတူ ဆောင်ရွက်လုပ်ဆောင်ချက်များကို မြင်တွေ့နေယုံ၊ ကြားသိနေယုံဖြင့် အရင်တလို
အပြစ်မြင်ခြင်း၊ချီးမွမ်းခြင်းများမပြုသင့်ပါ။ ဘုရားရှင်တော်လက်ထက်က တိ သ ကိုယ်တော်သည် နောက်ဆုံးအချိန်တွင် ကောင်းသောပြု
ကျင့်မှုကြောင့် ရဟန်းအဖြစ်ကိုရရှိခဲ့သည်။
နတ္ထိလောကေ အနိတ္တိကော အပြစ်ကင်းစင်ပြည့်စုံပြီးသူရယ်လို့လောကတွင် မရှိဟု ဘုရားဟောခဲ့ပေသည်။
မကောင်းတာကိုရှောင်ကြဉ်ခြင်း၊ ကောင်းသောအရာကိုဆောင်ရွက်ခြင်းများကို ပြုနိုင်အောင်ကျိုးစားကြရပေမည်။ တပါးနိုင်ငံတွင် မိမိတို့
ဝမ်းရေးအတွက် လာရောက်လုပ်ကိုင်စားသောက်နေကြရသော်လည်း မိမိဇာတိမြေလောက် ဘယ်လိုဖြစ်ဖြစ် မပျော်ပိုင်နိုင်သည်မှာသေချာ
ပေသည်။ ဥပမာဖြစ်ရပ်မှန်လေးတခုပြောပြခြင်ပါသည်၊
ဖင်စီ အချိုရည်စက်ရုံတခု အလုပ်လုပ်ခဲ့ကြသော မြန်မာအလုပ်သမားများအား (၇-၂၀၁၂)လကုန်တွင်လစာရှင်းပေသည်။ သို့သော်
လစာရှင်းပေးသော မန်နေ၈ျာလုပ်သူက ရရန်ရှိသောလုပ်ခ(သုံးထောင်ကျော်)မှ (တစ်ထောင်ကျော်)သာ ထုတ်ယူရရှိခဲ့ကြသည်။
ထိုပြင် ဘာသာပြန်ပေးသူ၏ အကိုဖြစ်သူကိုပင် ဦးခေါင်းအားသေနတ်ဖြင့်တေ့ပြီး ချိန်ခဲ့သေးသည်။ ထိုလုပ်သားများမှာ ယာယီနိုင်ငံကူး
လက်မှတ်ကိုင်ဆောင်ထားကြသူများဖြစ်သည်။ အလုပ်သမားများ၏ပြောပြချက်မှာ- ၄င်းစက်ရုံမှာအလုပ်သမားများနေထိုင်ရန်အတွက်
အခမ်းမပေးသောကြောင့် အခြားစက်ရုံမှအိပ်ခမ်းတွင် နေပြီးလာရောက်အလုပ်ဆင်းကြရသည်။ ၄င်းတို့နေသောစက်ရုံမှာလည်း
စက်ရုံပိုင်ရှင်က စက်ရုံအတွင်းနေလျှင် အလုပ်ရှိသည်ဖြစ်စေ၊အလုပ်မရှိသည်ဖြစ်စေ နေနိုင်သည်။အခြားသို့အလုပ်ထွက်လုပ်လျှင်
မိမိစက်ရုံတွင်မနေရဟုပြောလာသည့်အတွက် ဖင်စီအချိုစက်ရုံတွင် အလုပ်မဆင်းနိုင်ခဲ့ခြင်းဖြစ်သည်ကို အထက်ပါကဲ့သို့ မိမိတို့
လုပ်အားခထဲမှ ခြိမ်းခြောက်၍ထပ်မံ လုပ်အားခအဖြတ်ခံခဲ့ရပါသည်၊
မိထွေး၊ပထွေးဘယ်လိုကောင်းကောင်း မိခင်ရင်း ဖခင်ရင်း၏မေတ္တာတရားကိုတော့မှီ နိုင်မည်မဟုတ်ပေ၊ကျိုးစားစုဆောင်းကြပြီး၊
အချိန်တန်လျှင် ကိုယ်၇ပ်၇ွာကိုပြန်နိုင်အောင်သာကျိုးစားကြပါတော့ - မြန်မာအလုပ်သမားတို့
Tuesday, August 14, 2012
လူမျိုး(၂)
မြန်မာနိုင်ငံသည် တိုးတက်သောနိုင်ငံအဖြစ်သို့တဖြေးဖြေးရွေ့ရှာနေသည်။ အရှေ့တောင်အာရှနိုင်ငံများအကြားတွင် နောင်လာမည့်
(၁၀)နှစ်တွင်မြန်မာနိုင်ငံသည် စီးပွါးရေးတွင်ဦးဆောင်မည်ဟုထင်ကြေးပေးနေကြသည်၊ မြန်မာနိုင်ငံတွင် ဦးဆောင်မှု့ပေးနေကြသော
အစိုးရပိုင်းမှလည်း မှန်မှန်နှင့် ပွင့်လင်းမြင်သာပြီး တဖြေးဖြေးခြင်းတိုးတက်လာစေရန် ဆောင်ရွက်ပေးနေသည်မှာလည်းတွေ့နိုင်နေ
ပြီးဖြစ်ပါသည်။ ထိုအတူ မြန်မာနိုင်ငံတိုးတက်ရာတိုးတက်ကြောင်းကိုပူးပေါင်းပါဝင်ကူညီနေကြသူများလည်း များစွာရှိနေကြပြီးလည်း
ဖြစ်သည် ။ သို့အတွက်လည်းများစွာကြေနပ်ဝမ်းမြောက်ရပါသည်။ယခုအချိန်တွင် တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းကို အဖက်
ဖက်မှပါဝင်စွမ်းဆောင်နေကြသူများမှာတတ်နိုင်သမျှ အနစ်နာခံနေကြရသည်ကများကြသည်။
မြန်မာလူမျိုးများအနေနှင့်လည်း ဘာသာတရားကိုင်ရှိုင်းကြပြီး၊အေးချမ်းနေလိုကြသောလူမျိုးများဖြစ်ကြသည်အတွက်လည်းတဖြေး
ဖြေးခြင်းတိုးတက်လာမှု့အပေါ်တွင်ကြေနပ်ဝမ်းမြောက်ကြမည်သာဖြစ်သည်၊ သို့သော် အိမ်နီးခြင်းနိုင်ငံများ၏သာဓကကိုယူစရာတွေလည်း
များပြားစွာတွေ့မြင်နိုင်မည်ဖြစ်သည်၊ နေရာဝယ်ခြင်း၊နေရာရောင်းခြင်း၊ နိုင်ငံသားမဖြစ်သူကို နိုင်ငံသားဖြစ်စေခြင်း စသည့် စသည့်
အကြောင်းအရာအချို့တွင်ပင်ကြည့်လျှင်မြင်တွေ့နိုင်မည်ဖြစ်သည်၊
ဘ၈င်္လီလူမျိုးစစ်စစ်တယောက်ကို မြန်မာအလုပ်သမားများကိုပြုလုပ်ပေးနေသော ထိုင်းအလုပ်သမားကဒ်(ထော်ရော် ၃၈/၁)ရရှိရန်
ထိုင်းနိုင်ငံရောက်မြန်မာထိုင်းစကားတတ်သူနှင့် ၀န်ထမ်းအချို့ပူးပေါင်းလျှက် (၀၀-၈၄၁၁-၁၀၉၃၀၃-၅) နံပါတ်ရအောင်ပြုလုပ်ပေးခဲ့ကြသည်။ ထိုနောက်ယာယီနိုင်ငံကူးလက်မှတ်ရရှိရန်ဆောင်ရွက်လာပါသည်
ထိုအမျိုးသားက ထိုင်းအမျိုးသမီးနှင့်လက်ထပ်သောအခါတွင် ယခင်နံပါတ်ရအောင်ပြုလုပ်ပေးသူက ငွေညှစ်ရာမှစပြီး
ဖြစ်ကြောင်းကုန်စင်ပေါ်လာပါတော့သည်၊
တခါတွင် ရိုတီရောင်းသောကုလားလေးတယောက်ကို လမ်းတွင်တွေ့၍ မေးကြည့်ရာ ဘ၈င်္လီလူမျိုးဖြစ်ကြောင်းသိရသည်။သူ့တွင်
ယာယီနိုင်ငံကူးလက်မှတ်ရှိနေကြောင်းနှင့်(၁၅၀၀၀)ဘတ်ပေးရကြောင်း မြန်မာလိုမပီမသပြောလာသည်။ အမည်ကိုပင် မောင်စိုး ဟု
ပြောတတ်နေပါသည်။
(က) ထိုကဲ့သို့ ထိုင်းနိုင်ငံရောက်မြန်မာထိုင်းစကားတတ်သူများ(အတ္တပွဲစားများ)
(ခ) ဘ၈င်္လီလူမျိုး မှ ငွေပေးပြီး မြန်မာလူမျိုးဖြစ်သွားခဲ့သူများ မြန်မာနိုင်ငံထဲရောက်လာခဲ့ပါလျှင် မြန်မာနိုင်ငံ အနာ၈တ်မှာ
ရင်လေးစရာဖြစ်ပါသည်
သို့အတွက်လည်း ထိမ်းသိမ်းကာကွယ်နိုင်သောဥပဒေများကို တင်းတင်းကြပ်ကြပ်ရှိနေစေခြင်ပါသည်။ နောက်နောင်တွင်လည်း
အထက်ပါ(က)(ခ)လူမျိုးများ စိမ့်ဝင်ထိုးဖေါက်နေကြဦးမည်ဖြစ်ပါသဖြင့် လူမျိုးမပျောက်ရန် မြန်မာလူမျိုများအနေဖြင့်ဝိုင်ဝန်းစောင့်
ရှောက်ကြပါရန် နှိုးဆော်လိုက်ရပါသည်။
migrant workers
မြန်မာအလုပ်သမား၏သားသမီးများ စာပေသင်ကြားနေကြသော ဖိုဝိုင်ဘုန်းတော်ကြီးကျောင်းနေရာတွင်
ကော်မတီအဖွဲ့ဝင်များနှင့်အတူ အမှတ်တရ (၇-၂၀၁၂)
ကော်မတီအဖွဲ့ဝင်များနှင့်အတူ အမှတ်တရ (၇-၂၀၁၂)
Monday, August 13, 2012
မြန်မာအလုပ်သမား
ဆိုင်ရာမြန်မာသံအမတ်ကြီးဦးတင်ဝင်း မှ မြန်မာအလုပ်သမားများအနေနှင့် စည်းလုံးညီညွတ်စွာနေရန်
စည်းကမ်းဥပဒေများကိုလိုက်နာရန်နှင့် အလုပ်လုပ်၍ ပင်ပန်းရခြင်းကို နားလည်ကြပြီး စုဆောင်း
သိမ်းဆည်းကြရန်မှာကြားနေစဉ်(၆-၂၀၁၂)
မြန်မာနိုင်ငံ အလုပ်သမားဒုဝန်ကြီး ဦးမြင့်သိန်း နှင့် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးအောင်သိန်း
တို့က မြန်မာအလုပ်သမားများအနေနှင့် တရားဝင်နိုင်ငံကူးလက်မှတ်များထုတ်ပေးနိုင်ရန် ပူးပေါင်းဆောင်
ရွက်ကြရန်အတွက် အသေးစိပ်ရှင်းလင်းပြကြစဉ်။
လူမျိုး
yangon-tea.blogspot.com:
ထိုင်းနိုင်ငံ-စူရပ်ဌာနီခရိုင်တွင်ရှိသော ဖိုဝိုင်ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်အား
ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးအောင်သိန်း+ဇနီးဒေါ်ခင်ထွေးရီ တို့က အလှူတော်ငွေ ဆက်ကပ်
လှူဒါန်းကြစဉ်။ (၂၀၁၁)ခုနှစ်
အထက်ပါဖိုဝိုင်ဘုန်းတော်ကြီးကျောင်းတွင် မြန်မာအလုပ်သမားများ၏ သားသမီးငယ်များအား
ယဉ်ကျေးမှု့စာပေ၊မူလတန်းစာပေများကို မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ မှ
နှစ်စဉ် အခမဲ့သင်ကြားပေးနေပြီး၊ ကျောင်းထိုငဆရာတော်ကလည်း တတ်နိုင်သမျှ နေရာပေးခြင်း
ကူညီစောင့်ရှောက်ပေးခြင်းများရှိသည်။
ထိုင်းနိုင်ငံ-စူရပ်ဌာနီခရိုင်တွင်ရှိသော ဖိုဝိုင်ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်အား
ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးအောင်သိန်း+ဇနီးဒေါ်ခင်ထွေးရီ တို့က အလှူတော်ငွေ ဆက်ကပ်
လှူဒါန်းကြစဉ်။ (၂၀၁၁)ခုနှစ်
အထက်ပါဖိုဝိုင်ဘုန်းတော်ကြီးကျောင်းတွင် မြန်မာအလုပ်သမားများ၏ သားသမီးငယ်များအား
ယဉ်ကျေးမှု့စာပေ၊မူလတန်းစာပေများကို မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ မှ
နှစ်စဉ် အခမဲ့သင်ကြားပေးနေပြီး၊ ကျောင်းထိုငဆရာတော်ကလည်း တတ်နိုင်သမျှ နေရာပေးခြင်း
ကူညီစောင့်ရှောက်ပေးခြင်းများရှိသည်။
အခမဲ့မူလတန်းပညာသင်ခမ်း၊ဖိုဝိုင်ဘုန်တော်ကြီးကျောင်း၊စူရပ်ဌာနီ
yangon-tea.blogspot.com:
ဖိလစ်ရေခဲမုန့်စက်ရုံမှ အလုပ်ရှင်နှင့် အလုပ်သမား ကိုစိုင်းနှင့်အဖွဲ့တို့မှ ကျောင်းသုံးစာအုပ်များလာေ၇ာက်
လှူဒါန်းကြစဉ် ၊ ထိုပြင် ကျောင်းသားကလေးများအားရေခဲမုန့်ကျွေးမွေးခဲ့ကြသည်။ (၁၃-၈-၂၀၁၂)
ဖိလစ်ရေခဲမုန့်စက်ရုံမှ အလုပ်ရှင်နှင့် အလုပ်သမား ကိုစိုင်းနှင့်အဖွဲ့တို့မှ ကျောင်းသုံးစာအုပ်များလာေ၇ာက်
လှူဒါန်းကြစဉ် ၊ ထိုပြင် ကျောင်းသားကလေးများအားရေခဲမုန့်ကျွေးမွေးခဲ့ကြသည်။ (၁၃-၈-၂၀၁၂)
Subscribe to:
Posts (Atom)