Saturday, July 27, 2013

မကောင်းလည်းကိုယ်-ကောင်းလည်းကိုယ်-

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများ တရားဝင်အထောက်အထားရှိသူ နှင့် တရားမ၀င်ရောက်ရှိနေကြသူများကို အနီးကပ်လေ့လာသူများက စာရင်းပြုစုကြရာတွင် (၃)သန်းနီးပါဟုပင် ရေးသားကြပါသည်။ လွန်ခဲ့သောနှစ်ပါင်းများစွာက ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများဝမ်းရေးအတွက် မည်ကဲ့သို့ ရုန်းကန်လှုပ်ရှားခဲ့ကြရသည်ကို လေ့လာကြသူများသိရှိနိုင်ပါသည်။ အခြေအနေနှင့် အချိန်အခါသည် ထာဝစဉ်ပြောင်းလဲ နေကြစမြဲမို့ မြန်မာအလုပ်သမားများ၏ အခြေအနေသည် မျက်ကွယ်ပြုခံဘ၀ မှသည် အလေးထား၈ရုပြုစရာ အခြေအနေသို့ရောက်လာခဲ့ပါသည်။ အဖက်ဖက်သောကူညီပံ့ပိုးမှု့များမှသည် ယခုကဲ့သို့ဖြစ်ပေါ်လာသောအခြေအနေသာဖြစ်သည်။ တနည်းဆိုလျင် အစိုးရအဖွဲ့အစည်းနှင့် အရပ်ဖက်အဖွဲ့အစည်းပူးပေါင်းဆောင်ရွက်မှု့၏ရလဒ် ဆိုလျှင်လည်းမမှားပါ၊ သို့သော် ပါဝင်လာကြသော အဖွဲ့အစည်းများနှင့် လူပု၈္ဂိုလ်များ အတွင်း အချို့သော အဖွဲ့အစည်း လူပု၈္ဂိုလ်များ၏စိတ်ဓါတ်ရေးရာမှာ ပြောစရာတခုလိုဖြစ်နေသော စိတ်ဓါတ်ကြောင့် ရှေ့လမ်းစဉ်နှောင့်နှေးမည်ကို စိုးရိမ်ရပါသည်။ စိတ်ဓါတ်ဆိုသည်မှာ- (၁) အပြောင်းအလဲကို လိုက်မမှီတဲ့သဘောလား (၂) အပြောင်းအလဲကို မလိုက်ပါလိုတဲ့သဘောလား (၃)အပြောင်းအလဲကို လိုက်မှီအောင် မပြုပြင်လို၍လား စသည့် အချက်များကိုတွေ့လာရပါသည်။ အလုပ်သမားပြသနာရှိလျှင် အလုပ်သမားဝန်ကြီးဌာနရှိပါသည်- သာသနာရေးပြသနာရှိလျှင် သာသနာရေးဝန်ကြီးဌာန ရှိပါသည်ဆိုသော ရှေးရိုးစွဲ ၀ါဒီများကြောင့်လည်း (DEMOCRACY INSTITUTION) ဆို့သည့် ဒီမိုကရေစီ စနစ်တရပ် အောင်မြင်စွာ ပုံဖေါ်တည်ဆောက်ရေးအပေါ် အများစုက သံသယရှိနေကြသည်သာ- ပြည်တွင်း ပြည်ပကပြသနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် မြန်မာလူမျိုးများဖြစ်သည်ဆိုသော မျိုးချစ်စိတ် ၇ှိသင့်ပါသည်၊မမေ့ပျောက်သင့်ပါ။ ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမားများသက်သေခံ အထောက်အထားလာရောက်ထုတ်ပေးသော အဖွဲ့အစည်းတခုက အမှန်တကယ်နစ်နာနေသော မြန်မာအလုပ်သမား၏တိုင်ကြားချက်ကို- သံရုံးက ခိုင်းတာဘဲလုပ်မယ်- အခြားဘယ်အဖွဲ့က ပြောတာမှ လက်မခံနိုင်ဘူး- ဆိုသောငြင်းပယ်မှု့ကို ကြားရသောအချိန်တွင် အတော်လေးစိတ်မကောင်းဖြစ်မိပါသည်။ ထိုင်းနိုင်ငံရောက်အလုပ်သမားများကို အကူအညီပေးနေကြသော အရပ်ဖက်အဖွဲ့အစည်းများမှာ စေတနာဖြင့် မိမိလူမျိုးအတွက်ကူညီနေကြသည်ကို မေ့လျော့၍ နေပြီလားမသိနိုင်။ မိမိ အနေနှင့် ပြောရလျှင် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ပြသနာများကို တွေ့ရှိလာ၍ ကူညီနိုင်ပါလျှင် အကူအညီပေးစေလိုပြီး၊ တိုင်းတပါးသို့ရောက်နေကြသော မြန်မာအလုပ် သမားများ၏အခက်အခဲကိုသာမက မြန်မာဆိုလျှင် တတ်စွမ်းသမျှ ကူညီသင့်ပါကြောင်း-

No comments:

Post a Comment