ထိုင်းနိုင်ငံအတွင်းရှိမြန်မာအလုပ်သမားများ အမှု့အခင်းနှင့်ပါတ်သက်၍ မြောက်များစွာ သိရှိခဲ့ရပြီး၊
အကြံဥာဏ်ပေးခြင်း၊ တရားရုံးတွင် ဆောင်ရွက်ပေးခြင်း၊ သင့်တော်ရာအဖွဲ့အစည်းသို့ တင်ပြပေးခြင်း၊
ဖြင့် အနည်းငယ်သောကူညီပေးမှု့ကိုသာပေးဆောင်နိုင်ခဲ့ပါသည်။
အမှန်မှာ အခြားသောအမှု့အခင်းများထက်- မြန်မာလူမျိုးအချင်းချင်း (သို့) မြန်မာလူမျိုးနှင့်လုပ်ပိုင်ခွင့်
ရှိသူများပူးပေါင်း၍ မြန်မာအလုပ်သမားများအပေါ် စော်ကားခေါင်းပုံဖြတ်မှု့များကို စိတ်မကောင်းဘွယ်
ရာတွေ့ရှိ၇သည်။ တချို့အလုပ်သမားများဆိုလျှင် အမှု့အခင်း ကြုံလာ၍ အကူအညီတောင်းမိလျှင်
တံပိုးထက်လက်ခကြီးသည် ဟူသောစကားပုံအတိုင်းဖြစ်ရတော့သည်၊ နယ်စပ်ဖြတ်ကျော်ဝင်ရောက်
မှု့များတွင်လည်း ထိုအတိုင်းပင်တွေ့ရသည်၊
ထိုင်းနိုင်ငံရှိ အလုပ်သမားများတွင် မြန်မာအလုပ်သမား အများစုက အလုပ်လုပ်နေသည်ကိုတွေ့နိုင်
မှာဖြစ်ပြီး သို့အတွက်လည်း အလုပ်သမားအခွင့်အရေးကို တန်းတူရရှိရန်လိုပါသည်၊ အလုပ်ကိုပင်ပန်း
စွာလုပ်ကိုင်ရပြီး၊ ယာယီနိုင်ငံကူးလက်မှတ် ရရှိအောင် စီစဉ်မပေးခြင်း၊ ယာယီနိုင်ငံကူးလက်မှတ်ရြ့ပီး
လျှင်လည်း (၃)လတကြိမ် ထိုင်းလ၀က တွင်သတင်းပို့ရန်ပျက်ကွက်ခြင်းများလည်းသိရှိမြင်တွေ့ရသည်၊
တချို့နေရာတွင် ရမ်းကားသောလူငယ်များကြောင့် ပိုက်ဆံအိပ် လုယူခံရခြင်း၊ ထိုပိုက်ဆံအိပ်အတွင်းရှိ
ယာယီနိုင်ငံကူးလက်မှတ်ဆုံးရှုံးသွားရခြင်းများအပြင် များစွာသောအမှု့အခင်းများရှိနေကြပါသည်၊
မြန်မာလူမျိုးဖြစ်လျက် မြန်မာအလုပ်သမားများအပေါ် သွေးစုပ်နေကြသော မောင်အတ္တ များကြောင်.
လည်း ဒုက္ခေ၇ာက်ကြရသည့်အလုပ်သမားများ မနည်းလှတော့ပေ။
သက်ဆိုင်ရာအာဏာပိုင်များနှစ်နိုင်ငံပူးပေါင်းလျှက် ထိုင်းနိုင်ငံအတွင်း အချက်ကျသည့် ခရိုင်မြို့များ
တွင်ခေတ္တရုံးဖွင့်လျှက် ယာယီနိုင်ငံကူးလက်မှတ်၊ မြန်မာအလုပ်သမား အမှု့အခင်းများကို ကိုင်တွယ်
ဖြေရှင်း၍ အခြေခံချလျှက် ဆောင်ရွက်ပေးနိုင်ခဲ့ပါလျှင် မြန်မာအလုပ်သမားများဘ၀ကို မြှင့်တင့်ပေး
မှု့ကို ပိုမိုအကျိုးသက်ရောက်မည်ဖြစ်ပါကြောင်းတင်ပြလိုက်ပါသည်၊
ရှေ့နေ ဦးအောင်မျိုးသန့်
B.Sc,H.G.P,R.L

အလည်ရောက်ခဲ့ပါတယ်
ReplyDeleteဦလေးမျိုးသန့်ရေး
ဒီအထပ်မကဆင်ပြေပါစေဗျာ..။
ကျနော်ဘလော့ဂ်ကိုလည်း လာလည်ဖို့ဖိတ်ခေါ်ပါတယ်ဗျ...။
http://aung-kooo.blogspot.com/
ReplyDelete