ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်လျှင်အောက်ပါအချက်(၂)ပြည့်စုံရန်လိုသည်။
(၁) နိုင်ငံကူးလက်မှတ်သက်တမ်း (Date of Expiry)။
(၂) ရောက်ရှိနေထိုင်လိုသောနိုင်ငံ၏ လူဝင်မှု့ကြီးကြပ်ရေးမှခွင့်ပြုချက် နေထိုင်ခွင့်(Visa)။
(၁)နိုင်ငံကူးလက်မှတ်သက်တမ်း (Date of Expiry)။
နိုင်ငံကူးလက်မှတ်၏ ဓါတ်ပုံ ပါသောစာမျက်နှာတွင်ပါရှိသည်။ စာအုပ်သက်တမ်းကုန်ဆုံးမည့်
ရက်စွဲ ကျော်လွန်သွားလျှင် ၄င်းစာအုပ်သက်တမ်းကိုစာအုပ်ထုတ်ပေးသောနိုင်ငံ၏ အစိုးရ
(သို့) သံရုံးကသာလျှင် စာအုပ်သက်တမ်းကိုတိုးပေးနိုင်သည်။ သက်တမ်းကုန်နေသော
နိုင်ငံကူးလက်မှတ်ပေါ်တွင် နေထိုင်ခွင့်(Visa) ပြုလုပ်မရနိုင်ကြောင်း သတိချပ်ရမည်။
(၂)ရောက်ရှိနေထိုင်လိုသောနိုင်ငံ၏ လူဝင်မှု့ကြီးကြပ်ရေးမှခွင့်ပြုချက် နေထိုင်ခွင့်(Visa)။
သက်တမ်းရှိနေသော နိုင်ငံကူးလက်မှတ်ဖြစ်လျှင် မိမိရောက် ရှိနေထိုင်သောနိုင်ငံတွင်
ဆက်လက်နေထိုင်နိုင်ရန် ထိုနိုင်ငံ၏ လူဝင်မှု့ကြီးကြပ်ရေးတွင် နေထိုင်ခွင့်(Visa) ရရှိရန်
လျှောက်ထားရမည်ဖြစ်ပါသည်။
နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပြီးလျှင်နေထိုင်ခွင့်ရှိသည်ဆိုသောပြောဆိုမှု့များဖြင့်
အချို့သော လွဲမှားညွှန်ကြားမှု့နေမှု့များကို ကြားသိနေရပါသဖြင့် အမှန်အတိုင်းသိနိုင်ရန်တင်ပြရခြင်း
ဖြစ်ပါသည်။ အမှန်ကို မသိ၍ လွဲမှားသောညွှန်ကြားမှု့ကို လိုက်မိလျှင်စာအုပ်ပိုင်ရှင် မြန်မာအလုပ်သမား
သာလျှင် တရားမ၀င်နေထိုင်မှု့ (Over Stay) ဖြင့်အရေးယူခံရမည်ဖြစ်ပါသည်။ ငွေရရန်တခုတည်း
အတွက်သာမကြည့်ဘဲ မြန်မာအလုပ်သမားများမနစ်နာစေရန် အမှန်ကိုတိကျစွာလေ့လာခြင်း(သို့)
မြန်မာသံရုံးသို့ စုံစမ်းမေးမြန်းပြီးမှသာလျှင် ညွှန်ကြားမှု့ပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။

No comments:
Post a Comment