Saturday, October 15, 2011

မြန်မာအလုပ်သမားများ

 ထိုင်းနိုင်ငံအတွင်းရှိမြန်မာအလုပ်သမားများ အမှု့အခင်းနှင့်ပါတ်သက်၍ မြောက်များစွာ သိရှိခဲ့ရပြီး၊
အကြံဥာဏ်ပေးခြင်း၊ တရားရုံးတွင် ဆောင်ရွက်ပေးခြင်း၊ သင့်တော်ရာအဖွဲ့အစည်းသို့ တင်ပြပေးခြင်း၊
ဖြင့် အနည်းငယ်သောကူညီပေးမှု့ကိုသာပေးဆောင်နိုင်ခဲ့ပါသည်။
 အမှန်မှာ အခြားသောအမှု့အခင်းများထက်-  မြန်မာလူမျိုးအချင်းချင်း  (သို့) မြန်မာလူမျိုးနှင့်လုပ်ပိုင်ခွင့်
ရှိသူများပူးပေါင်း၍ မြန်မာအလုပ်သမားများအပေါ် စော်ကားခေါင်းပုံဖြတ်မှု့များကို စိတ်မကောင်းဘွယ်
ရာတွေ့ရှိ၇သည်။  တချို့အလုပ်သမားများဆိုလျှင် အမှု့အခင်း ကြုံလာ၍  အကူအညီတောင်းမိလျှင်
တံပိုးထက်လက်ခကြီးသည် ဟူသောစကားပုံအတိုင်းဖြစ်ရတော့သည်၊ နယ်စပ်ဖြတ်ကျော်ဝင်ရောက်
မှု့များတွင်လည်း ထိုအတိုင်းပင်တွေ့ရသည်၊
   ထိုင်းနိုင်ငံရှိ အလုပ်သမားများတွင် မြန်မာအလုပ်သမား အများစုက အလုပ်လုပ်နေသည်ကိုတွေ့နိုင်
မှာဖြစ်ပြီး သို့အတွက်လည်း အလုပ်သမားအခွင့်အရေးကို တန်းတူရရှိရန်လိုပါသည်၊ အလုပ်ကိုပင်ပန်း
စွာလုပ်ကိုင်ရပြီး၊ ယာယီနိုင်ငံကူးလက်မှတ် ရရှိအောင် စီစဉ်မပေးခြင်း၊ ယာယီနိုင်ငံကူးလက်မှတ်ရြ့ပီး
လျှင်လည်း (၃)လတကြိမ် ထိုင်းလ၀က တွင်သတင်းပို့ရန်ပျက်ကွက်ခြင်းများလည်းသိရှိမြင်တွေ့ရသည်၊
တချို့နေရာတွင် ရမ်းကားသောလူငယ်များကြောင့် ပိုက်ဆံအိပ် လုယူခံရခြင်း၊ ထိုပိုက်ဆံအိပ်အတွင်းရှိ
ယာယီနိုင်ငံကူးလက်မှတ်ဆုံးရှုံးသွားရခြင်းများအပြင် များစွာသောအမှု့အခင်းများရှိနေကြပါသည်၊
မြန်မာလူမျိုးဖြစ်လျက် မြန်မာအလုပ်သမားများအပေါ် သွေးစုပ်နေကြသော မောင်အတ္တ များကြောင်.
လည်း ဒုက္ခေ၇ာက်ကြရသည့်အလုပ်သမားများ မနည်းလှတော့ပေ။
   သက်ဆိုင်ရာအာဏာပိုင်များနှစ်နိုင်ငံပူးပေါင်းလျှက် ထိုင်းနိုင်ငံအတွင်း အချက်ကျသည့် ခရိုင်မြို့များ
တွင်ခေတ္တရုံးဖွင့်လျှက် ယာယီနိုင်ငံကူးလက်မှတ်၊ မြန်မာအလုပ်သမား အမှု့အခင်းများကို ကိုင်တွယ်
ဖြေရှင်း၍ အခြေခံချလျှက် ဆောင်ရွက်ပေးနိုင်ခဲ့ပါလျှင် မြန်မာအလုပ်သမားများဘ၀ကို မြှင့်တင့်ပေး
မှု့ကို ပိုမိုအကျိုးသက်ရောက်မည်ဖြစ်ပါကြောင်းတင်ပြလိုက်ပါသည်၊
                                                                   ရှေ့နေ ဦးအောင်မျိုးသန့်
                                                                       B.Sc,H.G.P,R.L

Sunday, September 18, 2011

ယာယီနိုင်ငံကူးလက်မှတ်-ကိုင်ဆောင်ကြသောမြန်မာအလုပ်သမားများသို့-

            ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်လျှင်အောက်ပါအချက်(၂)ပြည့်စုံရန်လိုသည်။
(၁) နိုင်ငံကူးလက်မှတ်သက်တမ်း (Date of Expiry)။
(၂) ရောက်ရှိနေထိုင်လိုသောနိုင်ငံ၏ လူဝင်မှု့ကြီးကြပ်ရေးမှခွင့်ပြုချက် နေထိုင်ခွင့်(Visa)။
          (၁)နိုင်ငံကူးလက်မှတ်သက်တမ်း (Date of Expiry)။
              နိုင်ငံကူးလက်မှတ်၏ ဓါတ်ပုံ ပါသောစာမျက်နှာတွင်ပါရှိသည်။ စာအုပ်သက်တမ်းကုန်ဆုံးမည့်
              ရက်စွဲ ကျော်လွန်သွားလျှင် ၄င်းစာအုပ်သက်တမ်းကိုစာအုပ်ထုတ်ပေးသောနိုင်ငံ၏ အစိုးရ
              (သို့) သံရုံးကသာလျှင် စာအုပ်သက်တမ်းကိုတိုးပေးနိုင်သည်။   သက်တမ်းကုန်နေသော
              နိုင်ငံကူးလက်မှတ်ပေါ်တွင်   နေထိုင်ခွင့်(Visa) ပြုလုပ်မရနိုင်ကြောင်း သတိချပ်ရမည်။
          (၂)ရောက်ရှိနေထိုင်လိုသောနိုင်ငံ၏ လူဝင်မှု့ကြီးကြပ်ရေးမှခွင့်ပြုချက် နေထိုင်ခွင့်(Visa)။
              သက်တမ်းရှိနေသော နိုင်ငံကူးလက်မှတ်ဖြစ်လျှင် မိမိရောက် ရှိနေထိုင်သောနိုင်ငံတွင်
              ဆက်လက်နေထိုင်နိုင်ရန် ထိုနိုင်ငံ၏ လူဝင်မှု့ကြီးကြပ်ရေးတွင် နေထိုင်ခွင့်(Visa) ရရှိရန်
              လျှောက်ထားရမည်ဖြစ်ပါသည်။
           နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပြီးလျှင်နေထိုင်ခွင့်ရှိသည်ဆိုသောပြောဆိုမှု့များဖြင့်
အချို့သော လွဲမှားညွှန်ကြားမှု့နေမှု့များကို ကြားသိနေရပါသဖြင့် အမှန်အတိုင်းသိနိုင်ရန်တင်ပြရခြင်း
ဖြစ်ပါသည်။ အမှန်ကို မသိ၍ လွဲမှားသောညွှန်ကြားမှု့ကို လိုက်မိလျှင်စာအုပ်ပိုင်ရှင် မြန်မာအလုပ်သမား
သာလျှင် တရားမ၀င်နေထိုင်မှု့ (Over Stay) ဖြင့်အရေးယူခံရမည်ဖြစ်ပါသည်။ ငွေရရန်တခုတည်း
အတွက်သာမကြည့်ဘဲ မြန်မာအလုပ်သမားများမနစ်နာစေရန် အမှန်ကိုတိကျစွာလေ့လာခြင်း(သို့)
မြန်မာသံရုံးသို့ စုံစမ်းမေးမြန်းပြီးမှသာလျှင် ညွှန်ကြားမှု့ပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။

Sunday, September 11, 2011

ယာယီနိုင်ငံကူးလက်မှတ်-

  မြန်မာအလုပ်သမားများနှင့်ပါတ်သက်သော ယာယီနိုင်ငံကူးလက်မှတ်သည်မြန်မာအလုပ်သမားများ
ဘ၀တိုးတက်မြင့်မားရေးအတွက် မြန်မာနိုင်ငံအစိုးရနှင့်ထိုင်းနိုင်ငံအစိုးရများပူးပေါင်း၍ဆောင်ရွက်ခဲ့သော
စီစဉ်မှု့ဖြစ်သည်။ ထိုကြောင့်တရားဝင်ကုမ္ပဏီများခွင့်ပြုဖွင့်လှစ်စေပြီးဆောင်၇ွက်နေသည်မှာနှစ်အားဖြင့်
ကြာမြင့်ခဲ့ပြီးဖြစ်ပါသည်။ သို့သော်အချို့ သောသူများသည် ယာယီနိုင်ငံကူးလက်မှတ်ကို မိမိနှင့်မလုပ်လျှင်
တာဝန်မယူနိုင်ကြောင်းဆိုသောချိမ်းခြောက်အကြောင်းပြချက်ဖြင့်မြန်မာအလုပ်သမားများ၏ အခွင့်အရေး
ပိုင်းဆိုင်ရာကိုချိုးဖောက်နေသည်ကိုများစွာတွေ့ရသည်။ အမှန်မှာ မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်တရားဝင်
အဖွဲ့အစည်းတိုင်းတွင်ပြုလုပ်ခွင့်ရှိပါသည်။
    ထိုင်းနိုင်ငံအတွင်းအလုပ်လုပ်နေကြသောမြန်မာအလုပ်သမားများအတွက်ထုတ်ပေးထားသောယာယီ
နိုင်ငံကူးလက်မှတ်သည် မိမိနှင့်အတူအမြဲရှိနေရမည်ဖြစ်သော နိုင်ငံခြားအလုပ်သမားသက်သေခံကဒ်ဖြစ်
ပါသည်။ ယာယီနိုင်ငံကူးလက်မှတ်ရရှိပြီး ရက်ပေါင်း(၃၀)အတွင်း အလုပ်လုပ်ခွင့်(work permit)ပြုလုပ်ရ
မည်ဖြစ်ပြီး၊ ရက်ပေါင်း(၉၀)ပြည့်တိုင်း မိမိနေထိုင်ရာထိုင်း လ၀က တွင်လက်မှတ်ထိုးသတင်းပို့ရပါမည်။

Wednesday, September 7, 2011

Leaning center for quality of life development

စူရပ်ဌာနီခရိုင် ၊ဖိုဝိုင်ဘုန်းတော်ကြီးကျောင်း
နေရာတွင် ၂၀၁၁၊ခုနှစ် တွင် ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမား၏သားသမီးများအား ဘာသာရေး
ယဉ်ကျေးမှု့၊ စာပေများကိုသင်ကြားပေးနေသော ကျောင်းဆရာများနှင့်အတူ။

ထိုင်းနိုင်ငံအတွင်းရှိမြန်မာအလုပ်သမားကလေးငယ်များ-

     ထိုင်းနိုင်ငံတွင်ရောက်နေကြသောမြန်မာအလုပ်သမားဧ။်သားသမီးငယ်များကို စာပေ၊ဓလေ့၊ဘာသာ
သင်ကြားပေးသော ဘ၀အရည်အသွေးမြှင့်တင်ရေးဌာနဟု ခေါ်တွင်ပြီး စူရပ်ဌာနီခရိုင်၊ ဖိုဝိုင်းဘုန်းတော်ကြီး
ကျောင်းအတွင်းတွင် (၂၀၀၇)ခုနှစ်မှစတင်ကာ တတ်သိနားလည်သော ဘွဲ့ရလူငယ်ငှားရမ်းပြီးသင်ကြားပေး
ခဲ့ပါသည်။ထိုကြောင့်မြန်မာအလုပ်သမားများ စိတ်အေးချမ်းစွာအလုပ်လုပ်ကိုင်နိုင်ကြပြီး၊ကလေးငယ်များ
အတွက်အနာ၈တ်လမ်းစဖေါ်ပေးနိုင်သည့်အတွက်ကြေနပ်ဝမ်းမြောက်ရပါသည်။
     မည်သည့်နေရာတွင်ရောက်ရောက် မြန်မာလူမျိုးစိတ်ရင်းမပြောက်ကြစေရန်မှာကြားပါရစေ။