future
Saturday, August 17, 2013
Saturday, July 27, 2013
မကောင်းလည်းကိုယ်-ကောင်းလည်းကိုယ်-
ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများ တရားဝင်အထောက်အထားရှိသူ နှင့် တရားမ၀င်ရောက်ရှိနေကြသူများကို အနီးကပ်လေ့လာသူများက စာရင်းပြုစုကြရာတွင် (၃)သန်းနီးပါဟုပင်
ရေးသားကြပါသည်။
လွန်ခဲ့သောနှစ်ပါင်းများစွာက ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများဝမ်းရေးအတွက် မည်ကဲ့သို့ ရုန်းကန်လှုပ်ရှားခဲ့ကြရသည်ကို လေ့လာကြသူများသိရှိနိုင်ပါသည်။ အခြေအနေနှင့်
အချိန်အခါသည် ထာဝစဉ်ပြောင်းလဲ နေကြစမြဲမို့ မြန်မာအလုပ်သမားများ၏ အခြေအနေသည် မျက်ကွယ်ပြုခံဘ၀ မှသည် အလေးထား၈ရုပြုစရာ အခြေအနေသို့ရောက်လာခဲ့ပါသည်။
အဖက်ဖက်သောကူညီပံ့ပိုးမှု့များမှသည် ယခုကဲ့သို့ဖြစ်ပေါ်လာသောအခြေအနေသာဖြစ်သည်။ တနည်းဆိုလျင် အစိုးရအဖွဲ့အစည်းနှင့် အရပ်ဖက်အဖွဲ့အစည်းပူးပေါင်းဆောင်ရွက်မှု့၏ရလဒ်
ဆိုလျှင်လည်းမမှားပါ၊ သို့သော် ပါဝင်လာကြသော အဖွဲ့အစည်းများနှင့် လူပု၈္ဂိုလ်များ အတွင်း အချို့သော အဖွဲ့အစည်း လူပု၈္ဂိုလ်များ၏စိတ်ဓါတ်ရေးရာမှာ ပြောစရာတခုလိုဖြစ်နေသော
စိတ်ဓါတ်ကြောင့် ရှေ့လမ်းစဉ်နှောင့်နှေးမည်ကို စိုးရိမ်ရပါသည်။
စိတ်ဓါတ်ဆိုသည်မှာ- (၁) အပြောင်းအလဲကို လိုက်မမှီတဲ့သဘောလား (၂) အပြောင်းအလဲကို မလိုက်ပါလိုတဲ့သဘောလား (၃)အပြောင်းအလဲကို လိုက်မှီအောင် မပြုပြင်လို၍လား
စသည့် အချက်များကိုတွေ့လာရပါသည်။ အလုပ်သမားပြသနာရှိလျှင် အလုပ်သမားဝန်ကြီးဌာနရှိပါသည်- သာသနာရေးပြသနာရှိလျှင် သာသနာရေးဝန်ကြီးဌာန ရှိပါသည်ဆိုသော ရှေးရိုးစွဲ
ဝါဒီများကြောင့်လည်း (DEMOCRACY INSTITUTION) ဆို့သည့် ဒီမိုကရေစီ စနစ်တရပ် အောင်မြင်စွာ ပုံဖေါ်တည်ဆောက်ရေးအပေါ် အများစုက သံသယရှိနေကြသည်သာ- ပြည်တွင်း
ပြည်ပကပြသနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် မြန်မာလူမျိုးများဖြစ်သည်ဆိုသော မျိုးချစ်စိတ် ၇ှိသင့်ပါသည်၊မမေ့ပျောက်သင့်ပါ။ ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမားများသက်သေခံ
အထောက်အထားလာရောက်ထုတ်ပေးသော အဖွဲ့အစည်းတခုက အမှန်တကယ်နစ်နာနေသော မြန်မာအလုပ်သမား၏တိုင်ကြားချက်ကို- သံရုံးက ခိုင်းတာဘဲလုပ်မယ်- အခြားဘယ်အဖွဲ့က
ပြောတာမှ လက်မခံနိုင်ဘူး- ဆိုသောငြင်းပယ်မှု့ကို ကြားရသောအချိန်တွင် အတော်လေးစိတ်မကောင်းဖြစ်မိပါသည်။
ထိုင်းနိုင်ငံရောက်အလုပ်သမားများကို အကူအညီပေးနေကြသော အရပ်ဖက်အဖွဲ့အစည်းများမှာ စေတနာဖြင့် မိမိလူမျိုးအတွက်ကူညီနေကြသည်ကို မေ့လျော့၍ နေပြီလားမသိနိုင်။
မိမိ အနေနှင့် ပြောရလျှင် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ပြသနာများကို တွေ့ရှိလာ၍ ကူညီနိုင်ပါလျှင် အကူအညီပေးစေလိုပြီး၊ တိုင်းတပါးသို့ရောက်နေကြသော မြန်မာအလုပ်
သမားများ၏အခက်အခဲကိုသာမက မြန်မာဆိုလျှင် တတ်စွမ်းသမျှ ကူညီသင့်ပါကြောင်း-
Monday, July 8, 2013
မြန်မာ+ထိုင်းချစ်ကြည်ရေးအသင်းဖွဲ့စည်း-

လူသားတဦး အဖြစ်၈ုဏ်သရေရှိစွာရပ်တည်နိုင်မှု့ဆိုသည်မှာ လူသားတိုင်းကို လူတဦးအဖြစ် အသိအမှတ်
ပြု၇န်ဖြစ်သည်။ (၁၉၄၈-လူ့အခွင့်အရေး) ထိုမှ ဆက်လက်ပြီး လူတဦးမှ လူမျိုးတမျိုး၊ လူမျိုးတမျိုးမှ
နိုင်ငံတနိုင်ငံ ဆက်နွယ်လာကြပြီးမှ ချစ်ခင်ပေါင်းသင်းရင်းနှီးမှု့များ တိုးပွါးစေရန်ဆောင်ရွက်လာကြခြင်း
ဖြစ်ရာ နိုင်ငံတနိုင်ငံနှင့် တနိုင်ငံချစ်ကြည်ရင်းနှီးမှု့ဆောင်ရွက်ရာတွင်လည်း ထိုနှစ်နိုင်ငံအတွင်းက
ပါတ်သက်နေသောလူမျိုးရေးများကိုပါထည့်သွင်းစဉ်းစားဖြေရှင်းပေးနိုင်မှာသာလျှင် နှစ်နိုင်ငံချစ်ကြည်ရေး
၏သဘောသကာပြောင်မြောက်နိုင်မည်ဟု ထင်မြင်မိပါသည်။
Thursday, June 6, 2013
မြန်မာ့ကျောင်း
အလုပ်သမားများ
စုပေါင်းကာ မြန်မာသံဃာတော်များနားနေရန်နှင့် မြန်မာအလုပ်သမားဧ။်သားသမီးများပညာသင်ကြား
နိုင်ရန်အတွက်
မြန်မာ ကျောင်း ဆောက်လုပ်ရန် (၆-၆-၂၀၁၃)နေ့ကပနက်ရိုက်စဉ် အမှတ်တရ။
အလုပ်သမားဦးစီးမှူး ဦးကြည်မြင့်၊ လူဝင်မှု့ကြီးကြပ်ရေးဦးစီးမှူး ဦးခင်မောင်ထွန်းတို့ တက်ရောက်ကြပါသည်၊
Sunday, June 2, 2013
မြန်မာကျောင်း
2012-13 ခုနှစ် မြန်မာအလုပ်သမားကလေးများ အခမဲ့မူလတန်းပညာသင်ခမ်း(ဖိုဝိုင်ဘုန်တော်ကြီးကျောင်း)တွင်အမှတ်တရ။
(1-5-2013)နေ့မှစတင်ပြီး ထိုင်းနိုင်ငံတောင်ပိုင်း၊စူရပ်ဌာနီခရိုင်၊ဖိုဝိုင်ဘုန်းတော်ကြီးကျောင်းတွင်
မြန်မာအလုပ်သမားများဧ။် သားသမီးများအတွက် မြန်မာကျောင်း ဆောက်လုပ်ကြရန်အောက်ပါ
နာယကများဖြင့် ဖွဲ့စည်းလိုက်ပါသည်။
နာယကများ၊ ၊(၁) အရှင်ဆု၈ျင် ဇူ၈ျင်နို (ထိုင်းကျောင်းထိုင်ဆရာတော်) ၊ဖိုဝိုင်ဘုန်းတော်ကြီးကျောင်း
(၂) ဦးသုဇာတ (မြန်မာဆရာတော်) ၊ ဖိုဝိုင်ဘုန်းတော်ကြီးကျောင်း
(၃) ဦးသုမဏလ(မြန်မာဆရာတော်) ၊ ဖိုဝိုင်ဘုန်တော်ကြီးကျောင်း
(၄) ဦးအောင်မျိုးသန့်(ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားစောင့်ရှောက်ရေးကော်မတီဝင်)
Friday, May 10, 2013
မကူညီလျှင်နေပါ

စင်းလုံးချော ပြီးပြည့်စုံသောအချေအနေလားဆိုရင်ဖြင့် မဆိုနိုင်သေးပါ သို့သော် ထိုကဲ့သို့အခြေအနေသို့
ရောက်လာအောင် ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများကိုယ်တိုင်ကလည်း ပူးပေါင်းဆောင်ရွက်ရန်
များစွာလိုပါသည်။
မိမိသည်မြန်မာလူမျိုးဖြစ်လျှက် အခြေအနေကြောင့် မိမိတိုင်းပြည်အတွက် မစွမ်းဆောင်နိုင်ခဲ့သော်လည်း
လူမျိုးအပေါ် စောင့်ရှောက်လိုစိတ်တော့ရှိစေခြင်ပါသည်။ (23-4-2013) နေ့ကစူရပ်ဌာနီ ယာယီနိုင်ငံကူး
လက်မှတ်ထုတ်ပေးသောရုံးတွင် ပွဲစား ကိုစိုး၊ကိုနေ၀င်းထွန်း၊ကိုနေ၀င်း၊ကိုထွန်းခိုင်၊ ကိုအေးကို တို့ဧ။်
မြန်မာအလုပ်သမား ကျား(၂၆)ဦး၊မ(၃၀)ဦး တို့အား ယာယီနိုင်ငံကူးလက်မှတ်လုပ်ေဆောင်ပေးမည်ဟု
ဆိုကာငွေများယူလျှက် ယာယီနိုင်ငံကူလက်မှတ်ထုတ်ပေးရေးရုံးတွင် သောင်တင်ခဲ့ပါတော့သည်
မိမိတို့အလုပ်လုပ်သည့်နေရပ်မဟုတ်သည့်ပြင် တရက်မက၊တပါတ်မျှကြာလာသောအချိန်တွင် ၄င်း(၅၆)
ဦးသောအလုပ်သမားများမှာပတ်စပို့လည်းလုပ်မ၇(စာရွက်စာတမ်းမရှိ) ၊စားရေးသောက်ရေး၊ကျန်မာရေး
များပါပြသနာဖြစ်ကြပါတော့သည်။ မသေချာဘဲနှင့် ပွဲစားများကငွေရရန်တခုတည်းကိုသာကြည့်ြုပီး
မြန်မာအလုပ်သမား(၅၆)ဦးအကြီးအကျယ်စိတ်ဆင်းရဲ ကိုယ်ဆင်းရဲကြုံကြရပါတော့သည်။ ပွဲစားလုပ်သူ
များလည်းမြန်မာ၊ ဒုက်ခေ၇ာက်သူများမှာလည်းမြန်မာများသာဖြစ်ပါသည်။ ထိုပြင်နောက်(၁၀)ရက်
အကြာလောက် တွင် ၄င်းပွဲစားများက အထက်ပါလုပ်ရပ်မျိုး ကျူးလွန်ခြင်းကိုကြားသိရပြန်ပါသည်။
8-5-2013 နေ့ ည(၇)နာရီအချိန်ခန့်တွင် သရန်မြို့ မှ မြန်မာအလုပ်သမား(၂)ဦး-
မောင်မင်းမင်းစိုး (MDOE- 192478) နှင့် မောင်သီဟ (MDOE-192477) တို့သည် ကီလို(၂၀၀)
ကျော်ဝေးသော စူရပ်ဌာနီမြို့ သို့ အထက်ပါခွင့်ပြုချက်များအရ ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန်
သလကဆစ်(၂) သို့ရောက်လာကြပါသည်။ ဆိုင်ကယ် တက်စီသမား(၂)ဦးနှင့် အခြားတဦးက စာရွက်
များသိမ်းကာ ပြသနာရှာကြပါတော့သည်။ စာရေးသူအချိန်မှီရောက်သွားချိန်တွင်အမိန့်စာရွက်များပြန်
ပေးပါသည်။ နောက်တရက်ကျော် ထို(၂)ဦး ပတ်စပို့လုပ်ပြီးနံက်(၈)နာရီခန့် ထိုကာ၈ိတ်သို့ပြန်ရောက်ချိန်
မှာလည်း ထိုပြသနာမျိုးကြုံခဲ့သဖြင့်ဖြေရှင်းပေးခဲ့ရပါသည်။
မြန်မာအလုပ်သမားများအား ကူညီမှု့ပေးရာတွင် အဖွဲ့အစည်း-အသင်းအဖွဲ့မှမဟုတ်ပါ -ဖြစ်ပေါ်လာ
သောအခက်အခဲကို စွမ်းနိုင်သောဘက်မှ ကူညီပေးရန်သာ- အလုပ်သမားများခံစားမှု့အပြည်အ၀မရမှီ
ယခုလိုအချိန်မျိုးတွင် အလုပ်သမားနစ်နာမှု့ ကူညီဖြေရှင်းမှု့ပို ဦးစားပေးကာ- ယာလည်းညက်-ကြက်
လည်းမောစေ-ဆိုသကဲ့သို့ကျင့်နိုင်ကြပါစေ-
Tuesday, May 7, 2013
နားလည်ပေးပါ
စူရပ်ဌာနီခရိုင်၊ ဖိုဝိုင်ဘုန်းတော်ကြီးကျောင်းသို့
အလုပ်သမားဒုဝန်ကြီး ဦးမြင့်သိန်း၊ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး
ဦးအောင်သိန်း နှင့်မြန်မာအစိုးရ
အဖွဲ့ လာရောက် လှူဒါန်းကြစဉ်။
ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး
ဦးအောင်သိန်း နှင့် ဇနီးဒေါ်ခင်ထွေးရီ တို့က
လာရောက် လှူဒါန်ကြစဉ်။
မြန်မာလူကြီးများအနေဖြင့် စူရပ်ဌာနီခရိုင်
ဖိုဝင်ဘုန်းတော်ကြီးကျောင်းသို့တိုင်လာရောက်
လှူဒန်း ကြသည်မှာဝမ်းသာကြည်နူးစရာဖြစ်ရ
သလို - ဖိုဝိုင်ဘုန်းတော်ကြီးကျောင်းသည် ထိုမြို့
မြန်မာအလုပ်သမားအများစုနေထိုင်ရာအလယ်
တွင်ရှိနေပါသည်၊ ထိုပြင် လွန်ခဲ့သော(၁၀)နှစ်ခန့်
ကပင် တရားမ၀င်မြန်မာအလုပ်သမားများ အခက်
အခဲ၊နာရေး၊အလှူ စသည်များကို ထိုင်းလူမျိုးများ
နည်းတူ ကူညီစောင့်ရှောက်ပေးခဲ့ပါသည်။မြန်မာ
အလုပ်သမားဧ။်သားသမီးကလေးများကိုလည်း
ထိုကျောင်းထဲတွင်-အခမဲ့မူလတန်းပညာသင်ခမ်းဖွင့်ခွင့်ပေးကာ စာပေ၊ယဉ်ကျေးမှု့များသင်ကြားနေကြ
သည်။ကျောင်းထိုင်ဆရာတော်ဧ။် ဘွဲ့အမည်မှာ အရှင်ဆု၈ျင် ဇူ၈ျင်နို ဖြစ်ပါသည်။
မြန်မာအလုပ်သမားများအနေဖြင့် လည်း လူကြီးများဆောင်ရွက်နေမှု့ကို စဉ်းစားနားလည်သဘောပေါက်
နိုင်ကြပါစေ-
Subscribe to:
Posts (Atom)