Friday, May 10, 2013

မကူညီလျှင်နေပါ







အထက်ပါပုံများသည်ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သားများအပေါ် မြန်မာပွဲစားများကလိမ်လည်ခြင်းခံရသဖြင့်ဖြေရှင်းပေးခဲ့စဉ်။ ထိုင်းနိုင်ငံအတွင်း တရားမ၀င်ရောက်ရှိနေကြသော မြန်မာအလုပ်သမားများမှာ ယခင်ကထက်ဆိုပါလျှင်
တိုးတက်လာသောအခွင့်အရေးများရရှိလာသည်မှာငြင်းမရနိုင်သောအချက်ဖြစ်ပါသည်။
စင်းလုံးချော ပြီးပြည့်စုံသောအချေအနေလားဆိုရင်ဖြင့် မဆိုနိုင်သေးပါ  သို့သော် ထိုကဲ့သို့အခြေအနေသို့
ရောက်လာအောင်  ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများကိုယ်တိုင်ကလည်း ပူးပေါင်းဆောင်ရွက်ရန်
များစွာလိုပါသည်။
   မိမိသည်မြန်မာလူမျိုးဖြစ်လျှက် အခြေအနေကြောင့် မိမိတိုင်းပြည်အတွက် မစွမ်းဆောင်နိုင်ခဲ့သော်လည်း
လူမျိုးအပေါ် စောင့်ရှောက်လိုစိတ်တော့ရှိစေခြင်ပါသည်။ (23-4-2013) နေ့ကစူရပ်ဌာနီ ယာယီနိုင်ငံကူး
လက်မှတ်ထုတ်ပေးသောရုံးတွင်  ပွဲစား ကိုစိုး၊ကိုနေ၀င်းထွန်း၊ကိုနေ၀င်း၊ကိုထွန်းခိုင်၊ ကိုအေးကို တို့ဧ။်
မြန်မာအလုပ်သမား ကျား(၂၆)ဦး၊မ(၃၀)ဦး တို့အား ယာယီနိုင်ငံကူးလက်မှတ်လုပ်ေဆောင်ပေးမည်ဟု
ဆိုကာငွေများယူလျှက် ယာယီနိုင်ငံကူလက်မှတ်ထုတ်ပေးရေးရုံးတွင် သောင်တင်ခဲ့ပါတော့သည်
  မိမိတို့အလုပ်လုပ်သည့်နေရပ်မဟုတ်သည့်ပြင် တရက်မက၊တပါတ်မျှကြာလာသောအချိန်တွင် ၄င်း(၅၆)
ဦးသောအလုပ်သမားများမှာပတ်စပို့လည်းလုပ်မ၇(စာရွက်စာတမ်းမရှိ) ၊စားရေးသောက်ရေး၊ကျန်မာရေး
များပါပြသနာဖြစ်ကြပါတော့သည်။ မသေချာဘဲနှင့် ပွဲစားများကငွေရရန်တခုတည်းကိုသာကြည့်ြုပီး
မြန်မာအလုပ်သမား(၅၆)ဦးအကြီးအကျယ်စိတ်ဆင်းရဲ ကိုယ်ဆင်းရဲကြုံကြရပါတော့သည်။  ပွဲစားလုပ်သူ
များလည်းမြန်မာ၊ ဒုက်ခေ၇ာက်သူများမှာလည်းမြန်မာများသာဖြစ်ပါသည်။ ထိုပြင်နောက်(၁၀)ရက်
အကြာလောက် တွင် ၄င်းပွဲစားများက အထက်ပါလုပ်ရပ်မျိုး ကျူးလွန်ခြင်းကိုကြားသိရပြန်ပါသည်။
  8-5-2013  နေ့ ည(၇)နာရီအချိန်ခန့်တွင် သရန်မြို့ မှ မြန်မာအလုပ်သမား(၂)ဦး-
    မောင်မင်းမင်းစိုး (MDOE- 192478)   နှင့် မောင်သီဟ (MDOE-192477) တို့သည် ကီလို(၂၀၀)
ကျော်ဝေးသော စူရပ်ဌာနီမြို့ သို့ အထက်ပါခွင့်ပြုချက်များအရ ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန်
သလကဆစ်(၂) သို့ရောက်လာကြပါသည်။ ဆိုင်ကယ် တက်စီသမား(၂)ဦးနှင့် အခြားတဦးက စာရွက်
များသိမ်းကာ ပြသနာရှာကြပါတော့သည်။  စာရေးသူအချိန်မှီရောက်သွားချိန်တွင်အမိန့်စာရွက်များပြန်
ပေးပါသည်။  နောက်တရက်ကျော် ထို(၂)ဦး ပတ်စပို့လုပ်ပြီးနံက်(၈)နာရီခန့် ထိုကာ၈ိတ်သို့ပြန်ရောက်ချိန်
မှာလည်း ထိုပြသနာမျိုးကြုံခဲ့သဖြင့်ဖြေရှင်းပေးခဲ့ရပါသည်။
    မြန်မာအလုပ်သမားများအား ကူညီမှု့ပေးရာတွင် အဖွဲ့အစည်း-အသင်းအဖွဲ့မှမဟုတ်ပါ -ဖြစ်ပေါ်လာ
သောအခက်အခဲကို စွမ်းနိုင်သောဘက်မှ ကူညီပေးရန်သာ- အလုပ်သမားများခံစားမှု့အပြည်အ၀မရမှီ
ယခုလိုအချိန်မျိုးတွင် အလုပ်သမားနစ်နာမှု့ ကူညီဖြေရှင်းမှု့ပို ဦးစားပေးကာ- ယာလည်းညက်-ကြက်
လည်းမောစေ-ဆိုသကဲ့သို့ကျင့်နိုင်ကြပါစေ- 

   
   

Tuesday, May 7, 2013

နားလည်ပေးပါ


 စူရပ်ဌာနီခရိုင်၊ ဖိုဝိုင်ဘုန်းတော်ကြီးကျောင်းသို့
အလုပ်သမားဒုဝန်ကြီး ဦးမြင့်သိန်း၊ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး
ဦးအောင်သိန်း နှင့်မြန်မာအစိုးရ
အဖွဲ့ လာရောက် လှူဒါန်းကြစဉ်။










 ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး
    ဦးအောင်သိန်း နှင့် ဇနီးဒေါ်ခင်ထွေးရီ တို့က
လာရောက် လှူဒါန်ကြစဉ်။









 မြန်မာလူကြီးများအနေဖြင့်  စူရပ်ဌာနီခရိုင်
ဖိုဝင်ဘုန်းတော်ကြီးကျောင်းသို့တိုင်လာရောက်
လှူဒန်း ကြသည်မှာဝမ်းသာကြည်နူးစရာဖြစ်ရ
သလို - ဖိုဝိုင်ဘုန်းတော်ကြီးကျောင်းသည် ထိုမြို့
မြန်မာအလုပ်သမားအများစုနေထိုင်ရာအလယ်
တွင်ရှိနေပါသည်၊ ထိုပြင် လွန်ခဲ့သော(၁၀)နှစ်ခန့်
ကပင် တရားမ၀င်မြန်မာအလုပ်သမားများ အခက်
အခဲ၊နာရေး၊အလှူ စသည်များကို ထိုင်းလူမျိုးများ
နည်းတူ ကူညီစောင့်ရှောက်ပေးခဲ့ပါသည်။မြန်မာ
အလုပ်သမားဧ။်သားသမီးကလေးများကိုလည်း
ထိုကျောင်းထဲတွင်-အခမဲ့မူလတန်းပညာသင်ခမ်းဖွင့်ခွင့်ပေးကာ စာပေ၊ယဉ်ကျေးမှု့များသင်ကြားနေကြ
သည်။ကျောင်းထိုင်ဆရာတော်ဧ။် ဘွဲ့အမည်မှာ အရှင်ဆု၈ျင် ဇူ၈ျင်နို ဖြစ်ပါသည်။
မြန်မာအလုပ်သမားများအနေဖြင့် လည်း လူကြီးများဆောင်ရွက်နေမှု့ကို စဉ်းစားနားလည်သဘောပေါက်
နိုင်ကြပါစေ-