Sunday, April 21, 2013

အဟောင်းပြင်လို့ အကောင်းမြင်ကြပါစို့-

ဧရာဝတီ ၀က်ဆိုဒ်မှာ ဦးဇော်ဇော် (Max Myanmar) သတင်းထောက်နှင့်တွေ့ဆုံပြောဆိုသွားတာကိုဖတ်လိုက်၇သည်မှာ နိုင်ငံတည်ဆောက်နေချိန်တွင် ကြေနပ်
မှု့ဖြစ်ရပါသည်။ အချို့သောနေရာများတွင် နိုင်ငံတိုးတက်စေရန်ဆောင်ရွက်နေချိန်တွင် နှေးကွေးစေသော
အပြုအမူမျိုးဆောင်ရွက်မှု့များပြုနေခြင်းကိုတွေ့ရပါသည်။ ပြောင်းလဲမှု့ပြုလုပ်နေချိန်တွင် နောက်ပြန်ဆွဲဝါဒီ
များကြောင့်ရှေ့မရောက်နိုင်ဖြစ်နေခြင်းကို သတိမူရပေမည်။
 စာရေးသူကိုယ်တိုင် နေကြာတောင်ယာကုမဏီ ကို(မှတ်ပုံတင်အမှတ်-၅၁၃၇)ဖြင့် ဖွင့်ခဲ့ပြီး၊
 မြေဧက-၄၂၀၀ ကို တနင်္သာရီတိုင်းဒေသကြီးတွင် (၄၇၇၇/၁၃-၃-၂၀၁၃)ဖြင့်စုပေါင်းရာဘာစိုက်ပျိုးနိုင်ရန်
လျှောက်ထားခဲ့ပါသည်။   စာရေးသူ (၂၀၀၆)နေ့မှစပြီး ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများကိုကူညီ
ပေးခဲ့ရာမှ- မြန်မာအလုပ်သမားများတွေ့ကြရသောအခက်အခဲများကိုပြန်လည်သုံးသပ်ရပါလျှင်-
  မိမိနိုင်ငံအတွင်း-လုပ်အားခ ပြည့်ဝစွာ(ထိုင်းနိုင်ငံအတွင်းရရှိသည့်လုပ်ခ)ရရှိခဲ့ပါလျှင် မည်သည့်မြန်မာ
အလုပ်သမားမျှ ထိုင်းနိုင်ငံအတွင်းဝင်ရောက်လုပ်ကိုင်ကြတော့မည်မဟုတ်ပါ။ နယ်စပ်ဒေသမဖွံဖြိုးမှုကြောင့်
၎င်း၊ဖွံဖြိုးရန်ဆောင်ရွက်မည့် အဖွဲ့အစည်းများကို အားပေးမှု့မပြုခြင်းကြောင့်၎င်း၊တဖက်နိုင်ငံကူးကာ အလုပ်
လုပ်ကိုနေကြသော မြန်မာလူမျိုးများ ဥပဒေမဲ့ အသက်ပေါင်းများစွာဆုံးရှုံးခဲ့ကြပြီး၊ဆက်လက်ဆုံရှုံးနေကြ
ရသည်ကို မြန်မာလူမျိုးအနေနှင့် ကယ်ဆယ်ရန်လိုအပ်ပါသည်။
   မိမိနိုင်ငံအတွင်း မိမိလူမျိုးများကို အလုပ်အကိုင်ပေးနိုင်ရန် ဆောင်ရွက်နိုင်စွမ်းရှိသူတွေကို လုံးဝအားပေး
ပြီး၊ ဥပဒေအရ လွဲမှားခဲ့လျှင်လည်း ဥပဒေအရ အေ၇းယူရန်သာရှိပါသည်။
ထို့ကြောင့် ဦးဇော်ဇော် (Max Myanmar)ပြောသလို -  တိုင်းပြည်ကို တိုးတက်စေခြင်သောစိတ်သာရှိပါ
သည်ဟု ပြောပါရစေ-